<Unicode>
ဒေမီယန်စစ်တပ်ကတိုင်းပြည့်ရဲ့အဓိကစစ်တပ်တစ်ခုပင်ဖြစ်ကာစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ကယ်ဗင်ရဲ့အာဏာကဘုရင်ထက်ပိုကြီးမားသည်။
ဒါပေမယ့်တိုင်းပြည်အုပ်ချုပ်ပြီးသက်သောင့်သက်သာနေရမယ့်အရာမျိုးကိုမနှစ်မြို့ပဲသေခြင်းရှင်ခြင်းနဲ့ဆော့ကစားရတာကိုနှစ်သက်သကြောင့်ဘုရင့်ရဲ့အာဏာကယခုထိတည်မြဲနေရတာဖြစ်ပြီးထိုအရာတွေကြောင့်လည်းဘုရင်ကဟန်နရီမျိုးနွယ်ကိုစိတ်ချယုံကြည်တာဖြစ်သည်။
ဇာတ်ကြောင်းထဲမှာဒုတိယဇာတ်လိုက်ကဇာတ်လိုက်ကိုအလွယ်တကူအညံ့ခံသွားရခြင်းမှာဇာတ်လိုက်မကြောင့်သာဖြစ်ပြီးဒုတိယဇာတ်လိုက်သာအညံ့မခံပဲခုခံပါကဇာတ်လိုက်ကဇာတ်လိုက်အရှိန်အဝါကြောင့်အနိုင်ရမှာသေချာပင်မယ့်အခက်အခဲတွေများစွာကြုံတွေ့ရမှာဖြစ်ပြီးရှုံးဆုံးမှုတွေကလည်းအလွန်များမှာဖြစ်သည်။
ထိုအရာကိုဒုတိယဇာတ်လိုက်ကဇာတ်လိုက်မရဲ့မျက်နှာတစ်ခုထဲကိုပဲကြည့်ကာအရာရာကိုခေါင်းငုံ့....အဲ့....မှားလို့ခေါင်းဖြတ်ခံခဲ့တာဖြစ်သည်။
နေထွက်လာပြီးတော့ကယ်ဗင်သူ့ရဲ့ချစ်သက်သည်းညှာလေးကိုလိုက်ရှာရတော့သည်။တဖက်မှာလည်းအီသန်မှာလူကြီးကဘုရင်စာကြည့်ဆောင်ကိုထွက်သွားပြီးသူကိုတစ်ယောက်ထဲထားခဲ့တာမလို့ပွစိပွစိရေရွတ်ကာကြာကန်အလယ်တည်ဆောက်ထားေသာတရုတ်နိုင်ငံေတွမှာအေတွ့ရများသည့်လသာဆောင်လေးရှိေနတာတွေ့တော့ထိုနေရာမှာသာစောင့်နေမည်ဟုတွေးကာထိုနေရာကိုသွားရန်ပြင်လိုက်ပါသော်လည်းနန်းတွင်းအဝတ်အစားတွေကိုဝတ်ဆင်ထားသည့်အစေခံမလေးတွေနဲ့အေကာင်းစားအဝတ်အစားအဆောင်တွေကိုဝတ်ဆင်ထားသည့်မိန်းမပျို၁ယောက်ကပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမငယ်လေးကိုအနိုင်ကျင့်ကာဝိုင်းရိုက်နေတာကိုတွေ့တော့နဂိုထဲကမတရားခံရတာတွေကိုမြင်ရင်မနေနိုင်မထိုင်နိုင်ဝင်ကူညီချင်သည့်ဗီဇကြောင့်ယခုလည်းလသာဆောင်ငယ်လေးထံလှမ်းနေသည့်ခြေလှမ်းတွေကထိုမိန်းခလေးတွေထံဦးတည်သွားလေသည်။