arc-7:12ချန်ကျောက်ကျိုးend

1.7K 79 0
                                        

<Unicode>

အခုထိုအရာတွေကအိမ်မှာ‌ေသချာပေါက်ရှိနေအုံးမှာပင်ထိုအရာတွေကိုသာလူကြီးတို့တွေသာတွေ့သွားခဲ့ရင်သူတို့ကိုမုန်းသွားလောက်သည်။

မဟုတ်ဘူး...ရွံပြီးကြောက်တောင်ကြောက်သွားနိုင်သည်။
သူတို့အတွေးလွန်‌ေနတုန်းချန်ကျောက်ကျိုးကလက်ခံကြောင်းပြောပြီးနေပြီမလို့သူတို့မှာဘာမှဆက်ပြောခွင့်မရှိတော့ပေ
အသည်းမသန်ငြင်းလိုက်ပါကပိုပြီးသံသယဝင်စရာကောင်းစေသည်လေ...

ထိုနောက်လူလေးယောက်ကကားတစ်စီးနဲ့လင်ကျစ်တို့ရဲ့အိမ်ဟောင်းကိုသွားလိုက်သည်။
သက်တော်စောင့်တွေကကားအနက်ရောင်တွေနဲ့အနောက်ကလိုက်လာကြသည်။

ခြောက်ကပ်ကပ်နဲ့အိုဟောင်း‌ေနတဲ့အိမ်‌ေလးကို‌ေတွ့တော့ချန်မားကသူမသမက်လေးတွေကိုပိုလို့သနားသွားရကာအချစ်ပိုလာရသည်။
လင်ကျစ်နဲ့လင်ဟန်ရုံမှာသက်တော်စောင့်တွေတအိမ်လုံးအနှံ့လိုက်လံရှာဖွေနေတုန်းမှာရင်တုန်စွာနဲ့စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေရကာတမိနစ်ကတကမ္ဘာလောက်ကြာသည်ဟုပင်ထင်လာရသည်။

စိတ်ထဲမှလည်းဘာမှရှာမတွေ့ပါစေနဲ့ဟုအကြိမ်ကြိမ်အခါခါဆုတောင်းနေမိသည်။
သူတို့ဆုတောင်းကမပြည့်လိုက်ပေသက်တော်စောင့်လေးတစ်ယောက်ကသော့ခတ်ထားတဲ့မြေအောက်လမ်းတစ်ခုကိုတွေ့သည်ဟုပြောလာသည်။

ထိုအရာကိုကြားတော့လင်ညီအကိုရဲ့ပျက်ယွင်းနေတဲ့မျက်နှာအမူအယာတွေကိုကြည့်ကာမိန်လွီဟန်ရဲ့မျက်နှာကအနိုင်ရရှိသလိုဂုဏ်ယူဝံ့ကြွားနေသည်။
မြေအောက်ခန်းတံခါးသော့ကိုတုန်ရီနေသောလက်တွေနဲ့ဖွင့်ကာအသက်ပြင်းပြင်းရှုလို့ကိုယ့်ကိုကိုလက်ခံနိုင်ရည်ရှိအောင်သတိပေးလို့တံခါးကိုတွန်းဖွင့်လိုက်သည်။

ဒ‌ါပေမယ့်မြေအောက်ခန်းထဲကအရာတွေကြောင့်အံ့ဩသင့်သွားသလိုမိန်လွီဟန်ရဲ့မျက်နှာကလည်းမယုံကြည်နိုင်ဖြစ်စွာမျက်လုံးကိုပွတ်လို့ထပ်ခါထပ်ခါကြည့်လိုက်သော်လည်းအဖြေကတော့တူညီစွာပင်

မြေအောက်ခန်းထဲမှာရှိနေရမယ့်အလောင်းတွေမပြောနဲ့လူသတ်ကိရိယာတစ်ခုလေးတောင်မရှိပဲသန့်ရှင်းနေကာဝိုင်အိုးအနည်ငယ်သာရှိသည်။
လင်ကျစ်နဲ့လင်ဟန်ရုံမှာအံ့ဩသင့်နေရင်းမှတစုံတရာကိုတွေးမိသွားကာလူကြီးကိုကြည့်လိုက်မိသည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now