arc-4:3ကျိန်းရှလု

2.1K 92 0
                                        

<Unicode>

ကျန်းဖုလန်လန့်ကာ‌ကျိန်းရှလုရဲ့ရင်ဘက်ကိုတွန်းလိုက်သော်လည်းအရာမဝင်ပဲ
ကျိန်းရှလုရဲ့သန်မာသောလက်တို့ကခါးထက်ရောက်ရှိလာကာနောက်လက်တဖက်ကခေါင်းနောက်ကနေအသာထိန်းကိုင်ကာထိကပ်သည်ထက်ပိုလာကာစုပ်ယူနမ်းရှိုက်လာတာကြောင့်အင်္ကျီစကိုခပ်တင်းတင်းစုပ်ကိုင်လို့သာချစ်ရသူစိတ်ကြိုက်နေပေးလိုက်သည်။

ဒေါက်...ဒေါက်...ဒေါက်....

*သားတို့ရေမင်းတို့ပါးပြန်ရောက်နေပြီးခဏနေနေ့လည်စာစားဖို့ဆင်းလာကြအုံး.....*

*ဟုတ်...ဟုတ်ကဲ့မား...*

ကျိန်းကျူးဇီရဲ့ဝင်‌ေရာက်နှောက်ယှက်မှုကြောင့်အခန်းထဲကချိုမြိန်သာယာသည့်အနမ်းလေးကပျက်စီးသွားရကာကျိန်းရှလုကတော့ကောင်းခန်‌းရောက်ကာမှဝင်ဖျက်တာကြောင့်မကျေမနပ်ဖြစ်သွားရသော်လည်းကိုကိုကရှက်နေတာမလို့သဘောတကျပြုံးလိုက်ကာနှဖူးပြေပြေလေးကိုနမ်းရှိုက်ကာ...

*အခုကစပြီးမောင်ကကိုကိုတစ်ယောက်ထဲရဲ့အပိုင်ပဲ....*

ကျန်းဖုလန်ကထိုစကားတွေကိုကြားတော့နှစ်ခြိုက်စွာပြုံးလိုက်ကာ....
*ငါကလည်းမောင်တစ်ယောက်ထဲရဲ့အပိုင်ပါပဲ...*

တစ်ယောက်ကိုတစ်ယောက်ချစ်ကြည်နူးစွာကြည့်နေကြသောချစ်သူနှစ်ယောက်မှာကြာနေလို့ထပ်လာခေါ်သည့်ကျိန်းကျူးဇီတဖြစ်လည်းကျိန်းမားကြောင့်မတက်နိုင်စွာဒီတစ်ခါတော့ကျိန်းမားနဲ့သာတစ်ခါတည်းအောက်ထပ်ဆင်းလာလိုက်သည်။

ကျိန်းပါးကထမင်းစားစာပွဲးမှာထိုင်လို့စောင့်ဆိုင်းနေတာကိုတွေ့လိုက်ရတဲ့အတွက်စာပွဲးမှာတစ်ခါတည်းဝင်ထိုင်လိုက်သည်။
‌ရှလုစားပွဲးပေါ်တင်ထားတဲ့စားစရာတွေကိုမြင်လိုက်ရတော့မျက်နှာကအမူအယာတချက်ကလေးမှမပြောင်းမပြောင်းလဲသွားပါသော်လည်းစိတ်ထဲမှာတော့အသာကုန်မဲ့ရွဲ့နေပြီးပင်

အာဟာရထုပ်လိုအရသာမကောင်းတဲ့အရာမျိုးတွေမဟုတ်ပါသော်လည်းသိပ်ပြီးကောင်းနေတဲ့အရာမျိုးလည်းမဟုတ်ပါချေ
ကမ္ဘာပျက်ကပ်ဖြစ်တာနှစ်ပေါင်းတစ်ရာနီးပါးရှိပြီးဖြစ်ကာမူလကနဉီးကဖြစ်ပေါ်လာသောဇွန်ဘီ‌
တွေသိပ်မရှိတော့ပါသော်လည်းသတ္တဝါဆန်းတွေရဲ့ဖြစ်တည်မှုကြောင့်ကမ္ဘာပျက်ကပ်ကဆက်လက်တည်ရှိနေကာမကြာခဏစစ်ပွဲးများဖြစ်သွားလေ့ရှိကာရိုးရှင်းစွာပင်ကမ္ဘာမပျက်ခင်ကရှိခဲ့သောဟင်းချက်နည်းတွေကပျောက်ကွယ်ကုန်ကာယခုနောက်ပိုင်းဟင်းချက်နည်းကတော့ရိုးရှင်းစွာပင်ရေထည့်ပြီးပြုတ်ပြီးရင်ဆားနဲ့အနည်းစုသောဟင်းခတ်အမွှေးအကြိုင်တွေထည့်ဖို့ပင်

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now