arc-7:1ချန်ကျောက်ကျိုး

335 18 0
                                    

<Unicode>

ရင်းနှီးနေတဲ့ခေါင်းကိုက်ဝေဒနာနဲ့အတူရှောင်းကျန့်နိုးလာရကာအရင်ဦးဆုံးသူရောက်ရှိနေတဲ့ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။
*!!!*

"အ....စိမ်း...လုံး...*

"ခင်ညား.... host"

"ချီးပဲငါ့ကိုဘယ်လိုခန္တာကိုယ်ထဲပို့လိုက်ပြန်ပြီလဲ!"

"အဲ့....ဟဲဟဲ ...အဲ့ဒါကလေဒီကမ္ဘာကိုကူးပြောင်းတုန်းအမှားအယွင်းတစ်ခုဖြစ်သွားရုံလေးတင်ပါရို့"

အစိမ်းလုံးရဲ့ဆင်ခြေကြောင့်ရှောင်းကျန့်သက်ပြင်းချလိုက်သည်။
ပြီးတော့သူ့ခြေလက်တွေမှာတင်းကျပ်စွာရစ်ပတ်ထားတဲ့‌ငွေရောင်သံကြိုးတွေကိုစိတိရှုပ်‌ေထွးစွာကြည့်လိုက်သည်။

သူရောက်နေတဲ့အခန်းကိုသုံးထားတဲ့သူ့အကြိုက်အ‌ေရာင်ဖြစ်တဲ့အနက်ရောင်ဖြစ်ကာဝါကျင်းကျင်းနဲ့မီးရောင်တွေကအနည်းငယ်မှိတ်တုတ်မှိတ်တုတ်နဲ့လင်းထိန်နေတာမလို့လူတွေကိုသရဲအိမ်ထဲရောက်သွားသလိုခံစားရစေသည်။

အခန်းရဲ့ပြတင်းပေါက်တံခါးကိုအလင်းရောင်ပင်တိုးမပေါက်နိုင်အောင်တင်းတင်ကျပ်ကျပ်ပိတ်ထားကာဝါးကျင်းကျင်းမီးရောင်ကလွဲလို့တခြားအလင်းရောင်ရှိမနေပေ

"ဟင်း...ထားလိုက်တော့ဒီကမ္ဘာရဲ့အချက်အလက်တွေလွှဲပြောင်းပေး"

"ကောင်းပါပြီhost....ဇာတ်ကြောင်းတွေလွှဲပြောင်းပေးလိုက်ပါပြီ"

ဝင်ရောက်လာတဲ့ဇာတ်ကြောင်းတွေကိုလက်ခံလိုက်ပြီးကုတင်ခေါင်းရင်းကိုမှီတွယ်ကာစိတ်အေးသက်သာစွာဇာတ်ကြောင်းကိုဖတ်လိုက်သည်။
ဒီကမ္ဘာမှာဇာတ်လိုက်တွေမရှိပေ
ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကသူဝင်ရောက်ထားတဲ့ခန္တာကိုယ်ဖြစ်တဲ့ချန်‌ေကျာက်ကျိုးကိုအခြေတည်ထားကာ...

ချန်ကျောက်ကျိုးကနေ့စဉ်ဘဝကိုပုံမှန်ဖြတ်သန်းနေတဲ့လူတစ်ယောက်သာဖြစ်ပြီးသူ့ရဲ့စိတ်ကူးအိမ်မက်ကလည်းအလွန်ရိုးရှင်းသည်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာမိသားစုကိုထောက်ပံ့နိုင်တာအိမ်‌ေထာင်ဦးစီးကောင်းတစ်ယောက်ဖြစ်ကာဇနီးနဲ့သားသမီးတွေကိုပျော်ရွှင်စွာထားကာဘဝကိုစိတ်စေရာအတိုင်းအေးချမ်းစွာနေထိုင်နိုင်ရန်သာဖြစ်သည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now