arc-5:11မဏ္ဏိသက္ကend

1K 49 0
                                    

<Unicode>

*သည်းညှာ...သည်းညှာခဏထအုံးနော်..သည်းညှာကိုယ်ဆန်ပြုတ်လေးပြုတ်လာတယ်ဆန်ပြုတ်သောက်ပြီးဆေးသောက်ရအောင်နော်*

မဏ္ဏိနှိုးလိုက်မှခရာကတအင့်အင့်တအဲ့အဲ့နဲ့နိုးလာကာထထိုင်လိုက်တာမလို့အောက်ပိုင်းကနာကျင်မှုကြောင့်မျက်နှာလေးရှုံ့မဲ့သွားတာမလို့မဏ္ဏိကသေချာထိုင်နိုင်အောင်ကူညီပေးလိုက်ပြီးအနောက်ကိုမှီလို့ရအောင်ခေါင်းအုံးလေးခုပေးလိုက်သည်။

*အင့်...အကို*

*ဘာဖြစ်လို့လဲသည်းညှာတခုခုလိုလို့လား*

*ခရာမျက်နှာသစ်ချင်လို့..*

*အာ...ဟုတ်သားကိုယ်မေ့သွားတာကိုယ်ရေသွားခပ်ပေးမယ်သည်းညှာကိုယ့်ကိုစောင့်နေနော်*

*အွန်း...မြန်မြန်ပြန်လာနော်*

*ဟုတ်ပါပြီးဗျာ*

မဏ္ဏိအောက်အမြန်ဆင်းကာနောက်ဖေးဘက်ကရေသွားခပ်လိုက်ပြီးအပေါ်ထပ်ကိုပြန်သယ်သွားလိုက်သည်။
ခလေးငယ်မျက်နှာသစ်ပြီးတော့ဆန်ပြုတ်လေးမှုတ်ကာခွံ့ပေးလိုက်ပြီးဆေးကိုချော့မော့ကာတိုက်လိုက်သည်။

ဆေးမှာအိပ်‌ေဆးပါတာမလို့ခ‌ေလးငယ်ကပြန်အိပ်ပျော်သွားကာသူလည်းထမင်းစားကာခလေးငယ်ဘေးဝင်လှဲးကာခလေးငယ်ရဲ့ခန္တာကိုယ်လေးကိုရင်ခွင်ထဲထည့်ကာအိပ်စက်လိုက်သည်။

.............

အချိန်အားဖြင့်နောက်ထပ်တစ်လခန်းကုန်လွန်သွားကာဒီနေ့ခရာတို့အိမ်မှာလူစုံတက်စုံရောက်နေကြသည်။

ခရာမိဘတွေနဲ့အကို့မိဘတွေအပြင်အကို့ရဲ့အကိုခလေးမွေးနိုင်တဲ့အမျိုးသားဖြစ်တဲ့ကိုရှိန်းနဲ့သူ့ရဲ့ခင်ပွန်းကလည်းမြို့ကနေပြန်ရောက်နေကြကာအိမ်ကိုလာလည်ကြတာမလို့အိမ်မှာလူအလွန်စည်နေသည်။
အကိုနဲ့လူကြီးတွေကကွက်ပျစ်ထိုင်ကာစကားပြောနေကြပြီးသူနဲ့အကိုရှိန်းနဲ့သူ့အမလွန်းထယ်ဝါတို့ကစားဖို့သောက်ဖို့စီစဉ်နေကြသည်။

အကိုရှိန်းမှာကသားလေးတစ်ယောက်နဲ့သမီးလေးတစ်ယောက်ရှိကာခလေးတွေကသူတို့အဖေလက်ပေါ်မှာဆော့ကစားနေကြကာအကိုနဲ့လည်းတခါတလေဆော့ကြသေးသည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now