<Unicode>
*တောင်း...တောင်းပန်ပါတယ်...နောက်မလုပ်တော့ပါဘူး...တောင်းပန်ပါတယ်*
လျှံပြည်စုံနဲ့ရှင်းသန့်နေခြည်မှလွဲလို့ကျန်တဲ့သူတွေမှာကြောက်လန့်တကြားတောင်းပန်ကာလက်နက်ချလို့ထွက်ပြေးသွားလေသည်။
သူတို့ပုံစံကနတ်ဆိုးတစ်ကောင်ကိုမြင်လိုက်ရသည့်ပုံစံအတိုင်းပင်အလွန်ပင်ဖြူေဖျာ့ကာစိုးထိတ်မှုတွေနဲ့ပြည့်နှက်နေသည်။
ဆန်းသစ်ခရာတစ်ယောက်သာမဏ္ဏိသက္ကဆီကခြိမ်းခြောက်သည့်အငွေ့အသက်တွေကိုမခံစားရတာဖြစ်သည်။
သူကမမြင်ဖူးတဲ့အကိုရဲ့ပုံစံကကြောင့်အနည်းငယ်ကြောက်လန့်သွားရသော်လည်းထိုသူတွေလောက်တော့မဟကြောက်လန့်သွားရသော်လည်းထိုသူတွေလောက်တော့မဟုတ်ပေ
ထိုလူတွေရဲ့တုံ့ပြန်မှုကြောင့်သူကအလွန်အံ့ဩသင့်သွားရသည်။
*ဘယ်ပြေးမလို့လဲ...ဟိတ်ကောင်တွေသူတို့ကိုဖမ်းလိုက်ကြ...*
*အဖေ!...အဖေကဘယ်လိုရောက်...*
*တောက်!...လျှံပြည်စုံမင်းကအတက်ကောင်းတွေသိပ်တက်နေတယ်ပေါ့!*
ခွပ်!....
*အာ့...*
ဖြစ်စဉ်တွေကအလွန်လျှင်မြန်စွာပင်ခရာတောင်အံ့ဩလို့မဆုံးသေးရွာသူကြီးနဲ့ကာလသားခေါင်းဆောင်အပြင်တခြားရွာသားအများစုကရောက်ရှိလာကာထွက်ပြေးရန်ပြင်နေသည့်လူတွေကိုဖမ်းဆီးရန်အမိန့်ပေးလိုက်ကာလျှံပြည်စုံကသူ့အဖေကိုတွေ့တော့လန့်ကာခေါ်လိုက်မိတော့သူ့သားပါပါပါေနမှန်းသိသွားတဲ့ရွာသူကြီးကဒေါသထွက်သွားကာသူ့သားကိုထိုးကာကြိမ်းမောင်းလိုက်ပြီးကာလသားခေါင်းဆောင်သုတဆီထိုးပေးလိုက်ကာဖမ်းချုပ်ခိုင်းလိုက်ပြီးရှင်းသန့်နေခြည်ကိုပါဖမ်းလိုက်ကြသည်။
မဏ္ဏိကတော့ခရာဆီအမြန်ပြေးသွားကာလက်ကကြိုးတွေကိုဖြည်ပေးလိုက်ပြီးရင်ခွင်ထဲဖက်ကာနှစ်သိမ့်လိုက်သည်။
*အရမ်းကြောက်သွားလားသည်းညှာကိုယ်တောင်းပန်ပါတယ်ကိုယ်သာလိုက်လာခဲ့ရင်သည်းညှာအခုလိုဖြစ်မှာမဟုတ်ဘူး...*
*မဟုတ်တာခရာအဆင်ပြေပါတယ်အကိုရယ်...ကိုယ့်ကိုကိုယ်အပြစ်မတင်နဲ့တော့နော်*
