<Unicode>
သဘာဝသစ်တောတွေအမြဲစိမ်းသစ်တောတွေအိုအေစစ်တွေဆိုတာလွန်စွာရှားပါးသွားပြီဖြစ်ပြီးရေမိစ္ဆာ၊မီးမိစ္ဆာစသည်မိစ္ဆာတွေကလည်းပေါ်ပေါက်လာသေးတာမလို့အန္တာရယ်ပိုများပြားလာပြီဖြစ်သည်။
သိပ္ပံပညာရှင်တွေကလည်းယခုချိန်ထိဖြေဆေးကိုရှာဖွေ၍မတွေ့သေးပဲဖြေဆေးဖော်စပ်ဖို့ရန်သာကြိုးပမ်းနေကြရတော့သည်။
ပြောကြတာတော့ရှလုတို့မမွေးခင်ကဖြေဆေးကိုဖော်စပ်၍ရသွားသော်လည်းမသမာသူတွေကြောင့်ဖြေဆေးကပျောက်ကွယ်သွားပြီးမှတ်သားထားတဲ့စာရွက်ကပါပျောက်ဆုံးသွားကာမည်သို့မျှရှာ၍မတွေ့တော့ပေ
စားစရာရှားပါးမှုကြောင့်အာဟာရထုပ်တွေကိုသာအဓိကစားသုံးကြပြီးရံဖန်ရံခါမှသစ်သီးသစ်ဖုတွေနဲ့အသားကိုစားသုံးနိုင်ကြသည်။
အပင်စိုက်ပျိုးရန်အတွက်မြေဩဇာကဆိုးဆိုးဝါးဝါးပျက်စီးနေကာတချို့မြေတွေမှာဆိုစိုက်ပျိုးမိတဲ့အပင်ကအပင်မိစ္ဆာအဖြစ်ပြောင်းလဲသွားတတ်ကာသူတို့အခြေစိုက်စခန်းမှာတောင်သန့်စင်ပြီးစိုက်မျိုးလို့ရတဲ့မြေဧကအနည်းငယ်ခန့်သာရှိသည်။
ထိုအရာကလည်းစွမ်းအားရှင်တွေစုပေါင်းကာသန့်စင်လိုက်၍ဖြစ်သည်။
စွမ်းအားတွေရဲ့အဆင့်ကမွေးကတည်းကသတ်မှတ်ပေးထားတာဖြစ်ပြီးထိုအဆင့်တွေကိုမြင့်ရာမှနိမ့်ရာကိုအစီလိုက်ရှိကာထိုအဆင့်ေတွကSSS,SS,S,A,B,C,D, E,F,အဆင့်တို့ဖြစ်သည်။ကျိန်းရှလုကရှားပါးမိုးကြိုးစွမ်းအားကိုနိုးထနိုင်တဲ့အပြင်SSSအဆင့်စွမ်းအားရှင်ဖြစ်တာမလို့အေခြစိုက်စခန်းရဲ့ပင်မထောက်တိုင်အဖြစ်စခန်းကလူတွေကအလွန်ဂရုစိုက်ကာအလိုလိုက်တာမလို့ယခုလိုဆိုးသွမ်းလာရခြင်းဖြစ်သည်။
ယခုဆိုကျိန်းရှလုကအသက်၁၉ပြည့်သွားပြီဖြစ်ကာကျန်းဖုလန်ကတော့၂၄နှစ်ရှိသွားပြီဖြစ်သည်။
ရှလုအတွေးစကိုဖျက်ကာကိုကိုနေတဲ့အခန်းရှေ့မှာရပ်တန့်လိုက်ပြီးအသက်ပြင်းပြင်းရှူကာတံခါးခေါက်လိုက်သည်။ဒေါက်...ဒေါက်....ဒေါက်...
*ကိုကို...ကျွန်တော်ပါတံခါးလာဖွင့်ပေးပါအုံး..*