<Unicode>
အခြေစိုက်စခန်းရဲ့စခန်းဝင်ပေါက်မှာလူတွေအများကြီးစုရုံနေကာအချီအချများနေကြသည်။
*မင်းတို့ကဘယ်သူတွေလဲ**ငါတို့ကယွဲ့ဟန်အခြေစိုက်စခန်းကလူတွေပဲဒါကငါတို့ခေါင်းဆောင်ပဲ*
တဖက်အဖွဲ့ကလူတစ်ယောက်ကခေါင်းမော့ရင်ကော့ကာဂုဏ်ယူစွာပြောလိုက်သည်။
*ကောင်းပြီးမင်းတို့ကယွဲဟန်အခြေစိုက်စခန်းကပေါ့ဘာလာလုပ်တာလဲ.....ဟေ့ဟေ့...ဝင်လို့မရေသးဘူးငါတို့ခေါင်းဆောင်ကိုသွားခေါ်နေတယ်ခေါင်းဆောင်ခွင့်ပြုမှဝင်လို့ရမှာ...**ဘာ?...ငါတို့ကမင်းတို့ခေါင်းဆောင်ခွင့်ပြုချက်ရမှာဝင်လို့ရမှာပေါ့...ငါတို့အခြေစိုက်စခန်းကAမြို့မှာA+အဆင့်အခြေစိုက်စခန်းကွ!*
*မင်းတို့လိုအခြေစိုက်စခန်းအသေးလေးကိုလာတာကိုပဲကျေးဇူးတင်ရ....*
*တော်တော့..ချွမ်ဟန်မင်းတိတ်တိတ်နေ*
ယွဲဟန်ခေါင်းဆောင်ကပါးစပ်ပိတ်မအောက်ငယ်သာကိုတိတ်ခိုင်းလိုက်ကာတားဆီးလိုက်တာမလို့ရှန်ချင်းအခြေစိုက်စခန်းကလူတွေရဲ့စိတ်ကအနည်းငယ်ကောင်းမွန်သွားသည်။
*ဒီလိုပါကျုပ်တို့ကယွဲ့ဟန်အခြေစိုက်စခန်းကလူတွေပါဒီမှာေရှ့ေခတ်ဟင်ချက်နည်းစာအုပ်ကိုရှာတွေ့ထားတယ်ဆိုလို့ကျွန်တော်တို့ပစ္စည်းအချို့နဲ့လဲလှယ်လိုလို့ပါ*
*ရပါတယ်....ယွဲ့ဟန်ခေါင်းဆောင်ကယဉ်းကျေးလွန်းနေပါပြီးအထဲဝင်လာခဲ့ကြပါကျုပ်လူတွေရဲ့ရန်လိုမှုအတွက်တောင်းပန်ပါတယ်*
ထိုအချိန်မှာပဲကျိန်းစန်ကရောက်ရှိလာကာယွဲ့ဟန်ခေါင်းဆောင်ကိုခရီးဦးကြိုပြုနှုတ်ဆက်ကာရှေ့ကနေဦးဆောင်လို့သူ့ရုံးခန်းတည်ရှိရာဉီးတည်လိုက်သည်။
ကျိန်းစန်ရဲ့နောက်ကိုကျိန်းရှလုနဲ့ကျန်ဖုလန်အပြင်ယွဲ့ဟန်အခြေစိုက်စခန်းရဲ့ခေါင်းဆောင်နဲ့သူ့လက်ထောက်ကပါလိုက်ပါလာသည်။ကျန်ခဲ့တဲ့ယွဲ့ဟန်အခြေစိုက်စခန်းကလူတွေကိုတော့ကျိန်းစန်ကသူ့လူတွေကိုသေချာဧည့်ခံလိုက်ရန်သတိပေးခဲ့လိုက်သည်။
ရုံးခန်းထဲရောက်တော့ဆိုဖာပေါ်တစ်ယောက်ချင်းစီဝင်ထိုင်လိုက်ကြသည်။
