arc-4:4ကျိန်းရှလု

2.1K 90 0
                                        

<Unicode>

ကြက်သားကိုသေချာဆေးကြောသန့်စင်ပြီးသည်နှင့်ဟင်းစချက်တော့သည်။
လျှင်မြန်ကျွမ်းကျင်စွာပင်ဟင်း၃ပွဲးချက်လို့ပြီးစီးသွားသည်။
ကြက်ပေါင်ချိုချက်၊သခွားသီးသုပ်နဲ့အသီးအရွက်စုံထည့်ချက်ထားတဲ့ဟင်းချိုရည်တစ်ခွက်ရယ်ဖြစ်သည်။

ကျိန်းကျူဇီချက်ထားတဲ့ဟင်းတွေကဘေးရောက်သွားကာကျိန်းရှလုချက်ထားတဲ့ဟင်းတွေကထိုဟင်းတွေနေရာယူသွားကာမွှေးကြိုင်နေသည့်အနံ့ကိုရရုံနဲ့တင်ကျန်တဲ့သုံးတောက်ပလာကာရှလုကိုချီးကျူးသလိုကြည့်ရင်းစာပွဲးပေါ်ကဟင်းတွေဆီကနေအကြည့်မလွှဲနိုင်ကြတော့ပြန်ပေ

ထိုနောက်နေ့လည်စာစားနေစဉ်ထမင်းစားခန်းထဲဝယ်ချီးကျူးသံတွေနဲ့စားကောင်းလို့ညီးညူနေသည့်အသံများနှင့်ပြည့်နှက်သွားသည်။
နေ့လည်စာစားနေရင်းနဲ့မှကျန်းဖုလန်ကစခန်းမှာလေ့လာရေးကွင်းဆင်းရင်လိုက်ပါမည့်အကြောင်းကိုပါရှလုကကျိန်းစန်ကိုသေချာရှင်းပြလိုက်သည်။

ကျိန်းပါးနဲ့ကျိန်းမားကလက်မခံချင်သော်လည်းလက်ခံလိုက်ရကာအပြင်ထွက်ကာလေ့လာရေးကွင်းဆင်းပြီးရိတ္ခာရှာဖွေမည့်အချိန်ကိုလည်းပြောပြလိုက်သည်။

အချိန်ကဒီအပတ်သောကြာနေမှဖြစ်ကာနေ့လည်စာစားပြီးသည်နှင့်ကျိန်းစန်နဲ့ကျိန်းကျူဇီကဟင်းချက်နည်းစာအုပ်ကိုယူကာမိတ္တူတွေအများအပြားကူးယူလိုက်ကာမူရင်းကိုကျန်းရှလုထံပြန်ပေးသွားကာထိုမိတ္တူစာအုပ်တွေနဲ့အတူစိတ်လှုပ်ရှားစွာအိမ်ကနေထွက်သွားကြလေသည်။

နောက်ကနေရှလုတို့ကလည်းအတူလိုက်ပါသွားလိုက်သည်။
*ရှလုကော....ညီမကိုစိတ်ဆို‌းပြေသွားပြီးလားဟင်*

အနားမောင်းကိုလက်နဲ့ပွေ့ဖက်ကာသူမရဲ့ပေါက်စီတွေနဲ့အတင်းဖိကပ်လာသည့်ချန်ချန်ကြောင့်အားလုံးရဲ့အကြည့်တွေကသူတို့ဘက်ရောက်လာကာချန်ချန်ကိုသဘောမကျသလိုကြည့်လာကြသည်။

ရှလုရဲ့မျက်ခုံးတို့ကလည်းအော်တိုကျုံ့သွားကာအားသုံးကာသူ့လက်ကိုဆွဲးထုပ်လိုက်ပြီးကိုကိုပုခုံးကိုဖက်ကာလူအုပ်ထဲတိုးဝင်လိုက်သည်။
*သားကျန်းဖုလန်သားတို့အဆင်ပြေသွားကြပြီးလား...*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now