<Unicode>
{လင်ကျစ်နဲ့လင်ဟန်ရုံစကားပြောရင်ရောသွားမှာဆိုလို့လင်ကျစ်ပြောရင်က*.......*ဒါကိုသုံးပါမယ်....ဟန်ရုံလေးကိုတော့"......"ဒါလေးပါနော်
ကျွန်ေတာ်လုပ်မှပိုရှုပ်သွားရင်တော့ကျွန်တော်လည်းမသိတော့ဘူး😁}ချန်ကျောက်ကျိုးရဲ့အကြည့်တွေကထိုခလေးတွေရဲ့အင်္ကျီစအနားသပ်တွေကိုရောက်သွားကာထိုနေရာကသွေးတွေကိုကြည့်ကာစိတ်ပူသွားကာကုတင်ပေါ်ကအမြန်ဆင်းလိုက်ကာမတ်တတ်ရပ်ကာခေါင်းငုံ့နေကြတဲ့တွေရဲ့အနားသွားလိုက်ကာလက်ကဆွဲလို့ကုတင်ပေါ်ထိုင်စေလိုက်သည်။
သံကြိုးကအလွန်ရှည်ကာတစ်ခန်းလုံးအနှံ့စိတ်ကြိုက်သွားလို့ရနေတာကတော်သေးသည်။
*ဒဏ်ရာတွေရလားတာလား!....ဘယ်နားမှာလဲကိုယ်ကိုပြ....*သူ့ကိုပြူးကြောင်ကြောင်လေးကြည့်လာတဲ့ခလေးနှစ်ယောက်ကြောင့်ချန်ကျောက်ကျိုးနောက်တစ်ခါထပ်မေးလိုက်သည်။
*မ...မရှိပါဘူး....ကျွန်တော်တို့ဒဏ်ရာမရခဲ့ပါဘူး*အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေလာတဲ့လင်ကျစ်ကြောင့်ချန်ကျောက်ကျိုးကသေချာအောင်ထပ်မေးလိုက်သည်။
*သေချာလို့လား...ကိုယ့်ကိုမလိမ်နဲ့နော်*"လင်ကျစ်ကမလိမ်ပါဘူး....ကျွန်ေတာ်တို့တကယ်
ဒဏ်ရာမရခဲ့ဘူး"*ဒါဆိုသွေးတွေကဘယ်ကလာတာလဲ*
*ဟင်!*
"ဟင်!"
နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာအင်္ကျီမှာပေနေတဲ့သိပ်မသိသာတဲ့သွေးစတွေကိုမြင်လိုက်ရတော့မျက်နှာပျက်သွားကြသည်။
သူတို့အဝတ်အစားလဲဖို့မေ့သွားခဲ့သည်ပဲသွေးစတွေပါတဲ့နေရာကိုလက်နဲ့လုံးခြေလိုက်ကာစကားတစ်ခွန်းမှသူတို့ဆီကထပ်မထွက်လာတော့ပေ
သူတို့စိတ်ထဲမှာသွေးစတွေကြောင့်ချစ်ရသူကြောက်သွားမှာစိုးရိန်တာရောမနေတဲ့သူကယနေ့တော့သူတို့ကိုဂရုစိုက်လာတာမလို့စိတ်ထဲပျော်ရွှင်မှုတွေကလည်းလှိုက်တက်လာသည်။သူတို့ဘဝမှာဒါကပျော်ရွှင်မှုကိုခံစားရတဲ့ပထမဆုံးအချိန်ပင်ဖြစ်သည်။
သူတို့ငယ်ငယ်တုန်းကသူတို့အမေကသူတို့ကိုမွေးပြီးမကြာဘူးဆုံးပါးသွားခဲ့သည်။