<Unicode>
*အဟင်း.....ဘာဖြစ်လို့လဲကိုယ့်ကိုလိုက်ရှာနေတာမဟုတ်ဘူးလား....*
ရင်းနှီးနေသည့်အသံကိုကြားကာမှမော့ကြည့်လိုက်တော့ရှောင်းကျန့်ဖြစ်နေသည်။
ရှောင်းကျန့်ရဲ့မျက်လုံးတွေေသွးနီရောင်တောက်ပနေကာနီလာေကျာက်လိုဝင်းလဲ့ေတာက်ပေနသည်။
အနက်ရောင်အတောင်ပံများကလည်းသွေးရောင်တောက်ပနေကာအနက်အနီစပ်ဝတ်ရုံကိုပြောင်းလဲဝတ်ဆင်ထားကာထိုအင်္ကျီကအသားနဲ့တဆက်တည်းဖြစ်နေကာလရောင်အောက်မှာနတ်ဆိုးဆန်ဆန်ချောမောခန့်ညားနေသည်။မျက်ဝန်း၌လည်းဆော့ကစားလို့သည့်အငွေ့အသတ်တွေကိုတွေ့နေရတာမလို့ရိပေါ်ရဲ့လက်ေပါ် မှာအစိမ်းရောင်စွမ်းအင်တွေကထွက်ပေါ်လာကာရှောင်းကျန့်ထံတိုးဝင်သွားလေသည်။
ရှောင်းကျန့်ကသူ့ဆီတိုးဝင်လာတဲ့စွမ်းအားတွေကိုပယ်ဖြတ်လိုက်ခြင်းမရှိပါပဲလွတ်လွတ်လပ်လပ်သူ့ဆီတိုးဝင်ခွင့်ပေးလိုက်သည်။
အစိမ်းရောင်စွမ်းအင်တွေကသခင့်ရဲ့စိတ်ဆန္ဒအတိုင်းရှောင်းကျန့်နဲ့မထိခင်မှာပင်ေလထုထဲမှာပျောက်ကွယ်သွားကာရိပေါ်ကပြန်လည်မခုခံသည့်ရှောင်းကျန့်ကိုမကျေမနပ်ကြည့်ကာနှာမှုတ်လိုက်သည်။
ရှောင်းကျန့်ကအသည်းယားသွားရကာကျယ်ေလာင်စွာအော်ရယ်လိုက်ပြီးပြုံးစစမျက်နှာပေးနဲ့ရိပေါ်မျက်နှာနားတိုးကပ်သွားကာနမ်းလိုက်သည်။
ရိပေါ်ကမျက်နှာကိုဘေးသို့လွှဲလိုက်တာမလို့လှပကာယောကျာ်ဆန်သောမေးရုံးလေးပေါ်ရှောင်းကျန့်ရဲ့အနမ်းတွေကကျရောက်သွားရကာရှောင်းကျန့်ကမေးရိုးတလှောက်ပွတ်ဆွဲကာနမ်းလိုက်တာမလို့
ရိပေါ်ကရှောင်းကျန့်ကိုတွန်းဖယ်လိုက်သည်။
သတိလက်လွတ်ဖြစ်သွားသည့်ရှောင်းကျန့်ကရိပေါ်တွန်းဖယ်သည့်အတိုင်းအနောက်နည်းနည်းဆုတ်သွားရသည်။
*ကျွန်တော့်ကိုလာမကစားနေနဲ့...ရှောင်းကျန့်!!*
*အဟွန်း....သည်းညှာကမကြိုက်လို့လား...*
*ဘယ်.....ဘယ်သူ့ကိုသည်းညှာလို့လာခေါ်နေတာလဲး~.....*
*ကိုယ့်ရှေ့ကရှက်နေတဲ့ကောင်လေးကိုပေါ့....*
ပြောရင်းရှောင်းကျန့်ကရိပေါ်နာရွက်နားကဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည်။
*ကျွန်တော်ကိုဒီလိုလာမကစားနဲ့ကျွန်တော်မကြိုက်ဘူး.....*
