<Unicode>
ခမ်းနားကာကြီးကျယ်သောအဆောင်ခန်းတစ်ခုထဲဝယ်မှန်ရှေ့ထိုင်ကာဆံပင်ရှည်ေတွကိုစည်းနှောင်နေသောမိန်းမပျိုလေးတစ်ယောက်....
သူမကမှန်ထဲကသူမရဲ့ချောမောတဲ့ပုံရိပ်လေးကြောင့်ကျေနပ်စွာပြုံးလိုက်သည်။
*ကိုယ့်ရဲ့ဇနီးလေးကအလှတွေပြင်လို့ပါလားကိုယ့်ကိုမြူစွယ်မလို့လားကွာ.....*ဗယ်လန်တီနိုကအခန်းထဲရောက်လာကာဆရီနာခါးေပါ်ဖက်တွယ်ကာပုခံုးပေါ်မေးတင်လို့ပြောလိုက်တာမလို့ဆရီနာကတခ်ခ်ရယ်ကာပြောလိုက်သည်။
*ခ်ခ်...ရှင်နော်ဆရီနာကရှင်နဲ့လက်မထပ်ရသေးတာကိုအရမ်းအသားယူတာပဲ*
*ဟော်...နောက်လည်းကိုယ့်ဇနီးလေးဖြစ်မှာပဲကို..အခုထဲကကျင့်သားရအောင်ခေါ်တာကိုယ်မှားလို့လားဟင်...ရွတ်...မွှေးနေတာပဲ*
ဗယ်လန်တီနိုကပြောရင်းဆရီနာပါးကိုနမ်းရှိုက်ကာပြောလိုက်သည်။
*ရှင်နော်...ရှင်နဲ့ဘာမှမဆိုင်သေးတာကြီးကိုဇနီးလေးလို့သုံးနေတာရှက်တယ်လို့**ဟဟ...ဟုတ်ပါပြီဇနီးလေးရယ်*
*ဟာ....*
*ဟုတ်ပါပြီးကိုယ်မစတော့ဘူး*
အောက်နှခမ်းလေးကိုကိုက်ကာကာသူ့ကိုမကျေမနပ်ကြည့်လာတဲ့ချစ်ရသူလေးကြောင့်ဗယ်လန်တီနိုခပ်ဟဟရယ်လိုက်ကာကတိပေးလိုက်ပြီးနူညံ့နေတဲ့ခန္တာကိုယ်လေးကိုရင်ခွင်ထဲထွေပိုက်ထားလိုက်သည်။
*ဗယ်လန်....*
*ဗျာ...*
*လီယွန်....သူအဆင်ပြေပါမလားဟင်...သူအခုလောက်ဆိုဘယ်တွေရောက်နေပြီလဲမသိဘူး*
မျက်နှာလေးကပြိုတော့မယ်မိုးလိုဖြစ်လာကာသူငယ်ချင်းဖြစ်သူအပေါ်စိုးရိန်စွာပြောလာတဲ့သူမလေးကြောင့်ဗယ်လန်တီနို လီယွန်ကိုပိုလို့ဒေါသထွက်မိသည်။
ဒီလောက်ဖြူစင်သည့်သူမလေးကိုလှည့်စားရက်တယ်
သူငယ်ချင်းအရင်းတွေဖြစ်ပြီးစိတ်ဓာတ်တွေကဘာလိုမိုးနဲ့မြေလိုဖြစ်နေရတာလဲဗယ်လန်တီနိုစိတ်ထဲမှနေလည်းလီယွန်ကိုတွေ့တဲ့နေရာမှာသတ်ပစ်ရမည်ဟုကြုံးဝါးလိုက်ကာ...
သူ့ရင်ခွင်ထဲကသူမလေးကိုနှစ်သိမ့်ပေးလိုက်သည်။