arc-9:8အီဗန်ဂျလို

1.6K 72 0
                                        

<Unicode>

ဖီးလစ်ကခေါင်းညိမ့်ကာလက်ခံလိုက်ပြီးမီယာနဲ့အတူလမ်းလျှောက်ထွက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်မီယာကဖီးလစ်ကိုအီဗန်ရဲ့ငယ်ဘဝကနေစကာပြောပြပေးနေတာကြောင့်စကာလက်ဆုံကျနေကြတော့သည်။

*ဖီးလစ်..ဟိုနေရာလေးမှာပေါ့အီဗန်သစ်ပင်ပေါ်တက်ရင်းပြုတ်ကျတာပေါ့...အဲ့တုန်းကဆိုသူ့ခဗျာအော်ငိုနေလိုက်တာအသံကိုပြဲနေရော*

မီယာကပြောရင်အတိတ်ကအကြောင်းအရာတွေကိုပြန်သတိရသွားသလိုတခ်ခ်ရယ်နေသလိုဖီးလစ်ကလည်းအီဗန်အသေးစားလေးရဲ့သစ်ပင်ပေါ်တက်ကာခြေချော်ရင်ပြုတ်ကျလို့ငိုနေတဲ့ပုံစံလေးကိုမျက်လုံးထဲမြင်ယောင်မိသွားကာသဘောတကျရယ်နေလေသည်။

ဖီးလစ်ရယ်နေတုန်းခေါင်းကမိုက်ခနဲဖြစ်သွားကာမူးဝေလာပြီးကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲမေ့လဲကျသွားတော့သည်။
*တော်တယ်ဟာမီ*

ဖီးလစ်မေ့သွားမှသစ်ပင်နောက်မှာပုန်းနေတဲ့ဟာမီကလက်ကိုဖုန်ခါသလိုခါကာထွက်လာပြီးသူ့အ‌မကိုပြုံးပြလိုက်ကာဖီးလစ်ရဲ့ခန္တာကိုယ်ကိုမှော်အစွမ်းသုံကာလေပေါ်မြှောက်စေလိုက်ပြီးထိုနေရာကနေအမြန်ထွက်လာခဲ့လိုက်ကြကာတောရဲ့အနက်ပိုင်းမှာရှိတဲ့လှိုင်ဂူထဲကိုသွားလိုက်ကာချုပ်နှောင်ခြင်းမန္တာန်ကိုအသုံးပြုကာချုပ်နှောင်ထားလိုက်ပြီးမှမေ့လဲသွားအောင်အသုံးပြုထားတဲ့မှော်အစွမ်းတွေကိုရုတ်သိမ်းလိုက်သည်။

မျက်မှောင်တွေစုကြုံ့ကာနိုးလာတဲ့ဖီးလစ်ကတစ်ကိုယ်လုံးကိုကြိုးနဲ့တုပ်ခံထားရသလိုခံစားလိုက်ရတာကြောင့်အံ့ဩသွားရသည်။
မျက်လုံးဖွင့်ကာကြည့်လိုက်တော့အမမီယာနဲ့ဟာမီကိုတွေ့လိုက်ရတာမလို့စိတ်ရှုပ်ထွေးသွားရသည်။

*ဟင်...အမမီယာ..ဟာမီကျွန်တော့်ကိုဘယ်ခေါ်လာခဲ့တာလဲ?*

*ဖီးလစ်နင်ကရောင်စဉ်ခြယ်မြေခွေးမဟုတ်လား..*

*မ...မဟုတ်ဘူး...ငါကလူသားစစ်တစ်ယောက်ပဲ*

*ငါတို့ညာလို့ရမယ်ထင်နေလား...နင်ကရောင်စဉ်ခြယ်မြေခွေးပဲဆိုတာငါတို့သိတယ်*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now