<Unicode>
ကယ်ဗင်ကတော့နောက်လှည့်မကြည့်စတမ်းခြေဆောင့်ကာသူခေါ်နေတာကိုမကြားချင်ယောင်ဒေါသအိုးလေးနောက်ကိုခြေကုန်သုတ်ကာလိုက်သွားလိုက်သည်။
ခြေလှမ်းကျဲတွေနဲ့သွားနေလျက်နဲ့အီသန်ကိုလိုက်မမှီခြင်းကာတမင်တကာအရှိန်လျော့ထားခြင်းဖြစ်သည်။
လူမရှိလောက်သည့်တောတွင်းစမ်းချောင်းလေးဆီဦးတည်သွားနေကာစမ်းချောင်းဘေးနားကကျောက်တုံးထက်ထိုင်ကာစူပုတ်စွာသူ့ကိုစွေစောင်းကြည့်ကာတဖက်သို့လှည်းသွားတာကြောင့်ကယ်ဗင်ကခေါင်းကုတ်ကာမချိပြုံးပြုံးလိုက်ပြီးအီသန်နဘေးဝင်ထိုင်ကာလက်မောင်းသေးသေးလေးထဲလက်လျှိုသွင်းကာဖက်လိုက်တော့ဖယ်ထုက်လာတာမလိုပြန်ပြီးလက်လျှိုသွင်းကာဒီတစ်ခါတော့လက်မောင်းကိုမဖက်တော့ပဲခါးသိမ်သိမ်လေးတော့လက်မောင်းကိုမဖက်တော့ပဲခါးသိမ်သိမ်လေးကိုဆွဲပွေ့ဖက်ကာသူ့ပေါင်ပေါ်ပွေ့ချီတင်လိုက်ကာရင်ခွင်သေးသေးလေးထဲခေါင်းအပ်ကာကြောင်လိုခေါင်းလေးတိုးဝှေ့ကာချွဲလိုက်ပြီးမျက်နှာချိုသွေးလိုက်သည်။*စိတ်မဆိုးပါနဲ့တော့သည်းညှာရယ်...နော်..နော်...ကိုယ်နောက်ဆိုအဲ့လိုမလုပ်တော့ပါဘူး...ကိုယ့်ကိုစိတ်မဆိုးပါနဲ့ရို့....သည်းညှာစိတ်ဆိုးရင်နေတက်ဖူး...နော် ......နော်~*
တမင်တကာစကားမပိအောင်ပြောကာကြောင်လိုခေါင်းတိုးဝှေ့ကာချွဲလာပြီးနော်ဆိုသည့်နောက်ဆုံးကစကားလုံးကိုသံရှည်ဆွဲကာပြောလာတာကြောင့်အီသန်မှာပြေလျော့ချင်နေတဲ့စိတ်ကိုအတင်းပြန်ဆွဲလိုက်ကာ
ပုခုံးကျယ်ကြီးကိုမကျေမချမ်းကြည့်ကာသွားစွယ်ချွန်ချွန်လေးတွေကိုအသုံးပြုကာကိုက်ချလိုက်သည်။
နာကျင်သည့်ဟန်မပြပဲသူကိုက်နေတာကိုသဘောတကျကြည့်နေတာကြောင့်နှာမှုတ်ကာကိုက်နေရာမှဖယ်ပေးလိုက်သည်။*ပြီးရော....နောက်တစ်ခါအခုလို့အန္တာရယ်များအောင်ကစားလို့ကတော့ခင်ဗျားကိုသူတို့မသတ်ခင်ကျွန်တော်အရင်သတ်ပေးမယ် ...ဟွန့်...*
*ဒါဆိုစိတ်ဆိုးပြေပြီးလားဟင်သည်းညှာ....လူကြီးလို့ပြန်ခေါ်ပါအုံးခင်ဗျားခင်ဗျားနဲ့ကြားေနရတာလူကြီးဆိုတဲ့နာမ်စားလေးကိုလွမ်းလှပြီ*