arc-4:6ကျိန်းရှလု

1.9K 83 0
                                        

<Unicode>

ထိုနောက်ကားတန်းရှည်ကြီးကရှန်ချင်းအခြေစိုက်စခန်းကနေစတင်ထွက်ခွာသွားလေသည်။
အခြေစိုက်စခန်းအနီးတဝှိက်မှာဇွန်ဘီတစ်ကောင်စနှစ်ကောင်စသာရှိကာသတ္တဝါဆန်းတွေမရှိပေ
အဘယ့်ကြောင့်ဆိုအခြေစိုက်စခန်းရဲ့ပတ်ပတ်လည်အတွင်းရှိသမျှသတ္တဝါဆန်းတွေကိုစခန်းကလူတွေက‌ေတွ့တာနဲ့သတ်ပစ်တာကြောင့်ပတ်ဝန်းကျင်အတွင်းရိုးရိုးသစ်ပင်တချို့နဲ့ဇွန်ဘီတချို့သာရှိသည်။

ထိုဇွန်ဘီတွေကအဆင့်နိမ့်ဇွန်ဘီများသာဖြစ်တာကြောင့်အသိစိတ်မရှိသေးပေ
ထိုဇွန်ဘီတွေကိုအဆင့်Aစွမ်းအားရှင်တွေကသာလွယ်ကူစွာသတ်ပစ်လိုက်ကြသည်။

ယခုတစ်ခေါက်အပြင်ထွက်လာသည်မှာလူ၃၀လောက်ရှိကာအများစုကAအဆင့်တွေဖြစ်ပြီးအနည်းဆုံးကတော့S,SSအဆင့်တွေသာဖြစ်သည်။
ရှလုတစ်ယောက်သာSSSအဆင့်စွမ်းအားရှင်ဖြစ်သည်။
စွမ်းအားတွေရဲ့အဆင့်ကိုမွေးကတည်းကသတ်မှတ်ပေးထားတာဆိုပင်မယ့်ထိုစွမ်းအားတွေကိုပိုမိုသန်မာလာအောင်လေ့ကျင့်သင်ယူနိုင်သည်။

ဥပမာဆိုရသော်Fအဆင့်လူတစ်ယောက်ကိုလည်းအထင်သေး၍မရပါထိုလူကအလွန်အမင်သန်မာသည့်လူတစ်ယောက်လည်းဖြစ်နိုင်သလိုပျော့ညံ့တဲ့လူတစ်ယောက်လည်းဖြစ်နိုင်သည်။
ပထမဆုံးသူတို့သွားမည့်နေရာကသဘာဝသစ်တောကဆူးတွေနဲ့ပြည့်နှက်နေတဲ့သစ်တောရဲ့အလယ်မှာရှိနေတာဖြစ်သလိုသတ္တဝါဆန်းခြေစိုက်စခန်းတစ်ခုထဲရဲ့အင်အားနဲ့မရှင်းလင်းနိုင်ပဲသူတို့အခြေစိုက်စခန်းအပြင်Aမြို့ရဲ့နေရာအသီးသီးမှာတည်ရှိတဲ့အခြေစိုက်စခန်းတွေစုပေါင်းကာယနေ့တော့ထိုသစ်တောကိုရှင်းလင်းပစ်ကာသဘာဝသစ်တောကိုလေ့လာတော့မည်ဖြစ်သည်။

ထိုသစ်တောကနှစ်၁၀၀ကျော်အကြာမှပြန်ရှင်းလင်းမှာဖြစ်တဲ့အတွက်မည်မျှအန္တာရယ်များသည့်သတ္တဝါဆန်းတွေနဲ့ကြုံတွေ့ရမည်ဆိုတာဘယ်သူမျှမသိကြပေ

ယနေ့ပါလာသည့်စွမ်းအားရှင်တွေထဲမှာတိုက်ခိုက်ရေးအဓိကတာဝန်ယူရတဲ့မိုးကြိုး၊မီး၊ရေခဲ၊လေ၊မုန်တိုင်းစွမ်းအားရှင်တွေနဲ့တခြားစွမ်းအားရှင်အမျိုးမျိုးပါဝင်ကာသိုလှောင်နယ်မြေစွမ်းအားရှင်တွေနဲ့ရေစွမ်းအားရှင်တွေကလည်းမပါမဖြစ်ပါဝင်သည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now