arc-9:4အီဗန်ဂျလို

1.6K 79 0
                                        

<Unicode>

သူကြားဖူးတာတော့လူအသွင်ပြောင်းခြင်းကအလွန်နာကျင်ရကာလူအသွင်ပြောင်းလဲပြီးပါကလည်းထိုအချိန်ကလိင်စိတ်အတက်ကြွဆုံးအချိန်ဖြစ်ကာ
ကိုယ်နဲ့အတူဆက်ဆံရန်လက်တွဲဖော်မရှိပါကသေဆုံးသွားနိုင်ခြေအလွန်များသည်။

ထိုကြောင့်ရောင်စဉ်ခြယ်မြေခွေးအများစုကအသက်ပြည့်ပြီးသော်လည်းလူအသွင်မပြောင်းသေးဘဲလက်တွဲဖော်‌ကိုတွေ့ရှိမည့်အချိန်ကိုသာစောင့်ဆိုင်းတက်ကြသည်။

ဖီးလစ်ရေချိုးနေတဲ့သူ့သခင်ရဲ့နောက်ကျောကိုကြည့်ကာစိတ်ထဲမှာသူ့သခင်ကိုသူ့ရဲ့လက်တွဲဖော်ဖြစ်စေချင်သည့်စိတ်တို့ကထွက်ပေါ်လာရသည်။

ဒါပေမယ့်သူ့သခင်ကစေ့စပ်ထားသည့်သူရှိတယ်လို့သူကြားဖူးသည်။
နောက်ပြီးသခင်ကထိုမိန်းခလေးကိုအရမ်းချစ်တာတဲ့...
ဒါပေမယ့်အဲ့မိန်းခလေးကကျသခင်ကိုမကြိုက်ဘဲတခြားချစ်သူရှိနေသည်တဲ့...

သူတကယ့်ကိုမတွေးတက်ဘူးသူ့သခင်လောက်ဘယ်သူကများပိုကောင်းနိုင်မှာလဲသူသာသူမနေရာမှာဆိုသခင့်ကိုပဲရွေးချယ်လိုက်မှ....
အတွေးတွေလွန်ဆွဲးနေပြီနောက်ဖီးလစ်ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာချလိုက်သည်။

အကယ်၍အောင်မြင်ခဲ့ရင်တော့သူ့အသက်ဆက်ရှင်နိုင်ပြီးကျဆုံးခဲ့ရင်တော့ရောင်စဉ်ခြယ်မြေခွေးမျိုးနွယ်လေးကမျိုးတုန်းပျောက်ကွယ်သွားလိမ့်မည်။

ဖီးလစ်အတွေးလွန်နေတုန်းသူ့ခန္တာကိုယ်လေးကတစုံတယောက်ရဲ့ရင်ခွင်ထဲရောက်ရှိသွားကာရင်းနှီးနေတဲ့ကိုယ်သင်းရနံ့လေးကိုရရှိလိုက်ပြီးခပ်တိုးတိုးရယ်သံလေးနဲ့သူ့ကိုမေးလာတာကိုကြားလိုက်ရသည်။

*ပေါက်စလေးကဘာတွေအတွေးလွန်နေရတာလဲ*

ဖီးလစ်ကအဝတ်အစားအပြည့်အစုံဝတ်ပြီးသွားတဲ့သခင်ကိုတွေ့လိုက်ရတော့စိတ်မကောင်းဖြစ်သွားကာသူ့သခင်ရဲ့ရင်ခွငဲခေါင်းလေးတိုးဝှေ့ကာတအီးအီးအသံပြုလိုက်ပြီးသူ့စိတ်အခြေအနေမကောင်းကြောင်းကိုပြသလိုက်သည်။

သူထိုသို့လုပ်ပါကသူ့သခင်ရဲ့အနမ်းလေးတွေရမည်ဆိုတာကိုမသိစိတ်ကယုံကြည်နေမိသည်။
ထိုကြောင့်သူ့သခင်ကိုချွဲလိုက်ပြီးသူ့သခင်ရဲ့အနမ်းလေးတွေကိုစောင့်မျှော်နေမိသည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now