<Unicode>
အီဗန်ကတော့ထိုအသည်းယားဖွယ်မြင်ကွင်းလေးကိုအောက်နှခမ်းကိုကိုက်ကာသာအသည်းတယားယားနဲ့စိုက်ကြည့်နေလိုက်သည်။
မြေခွေးပေါက်လေးစားလို့ဝသွားမှသူစားကာမြေခွေးပေါက်လေးကိုရင်ဘက်ပေါ်တင်ကာဂူနံရံကိုမှီတွယ်လို့အိပ်စက်လိုက်သည်။
နေ့ရက်တွေ့ကပုံမှန်အတိုင်းပင်ကုန်ဆုံးသွားကာအခုဆိုအီဗန်တို့အမဲလိုက်ခရီးထွက်နေတာ၃ရက်ပြည့်တဲ့နေ့ဖြစ်ကာမြေခွေးပေါက်လေးဖီးလစ်စောင့်ဆိုင်းနေတဲ့လပြည့်နေ့ပင်ဖြစ်သည်။
အီဗန်ကမနက်စာအတွက်သားကောင်တချို့ကိုလိုက်ကာရေနဲ့သန့်စင်ကာမီးကင်လိုက်ပြီးမြေခွေးပေါက်လေးနဲ့အတူစားလိုက်ကာအမဲလိုက်ရန်အတွက်တောအုပ်အနှံ့လိုက်သွားတော့သည်။
တရိတ္ဆန်လေးတွေကအီဗန်တေားထဲမှာ၃ရက်လောက်နေပြီးတော့အတော်ပင်ပါးသွားပြီးဖြစ်ကာအီဗန်နဲဝေးရာကိုထွက်ပြေးလေ့ရှိတာမလို့အမဲလိုက်ရတာကခက်ခဲလာသည်။
နေ့လည်မတိုင်ခင်အထိရစ်ငှက်တချို့နဲ့ရစ်ငှက်ဥတွေသာရလာတာမလို့အကုန်လုံးကိုမီးနဲ့ကင်ကာစားလိုက်ကြသည်။
ညနေစောင်းလောက်ရောက်တော့အီဗန်ကပုံမှန်အတိုင်းပင်ရေမိုးချိုးလိုက်ကာတစ်ညစာအတွက်လုံလောက်တဲ့အသားရသည်နှင့်ဆက်မလိုက်တော့ဘဲဂူထဲကိုသာပြန်လာခဲ့လိုက်သည်။ပုံမှန်ဆိုဒီအချိန်သူအမဲလိုက်နေအုံးမှာဆိုသော်လည်းဒီေန့ေတာ့သူ့ရဲ့မြေခွေးပေါက်လေးကတစ်နေ့လုံးအားမရှိသလိုဖြစ်နေကာနွမ်းလျနေတာမလို့ထိုအရာကသူ့ကိုအလွန်စိုးရိန်စေသည်။
ထိုကြောင့်ထပ်မံအမဲမလိုက်တော့ရန်ဆုံးဖြတ်လိုက်တာဖြစ်သည်။
အီဗန်အသားမီးကင်နေရင်းနဲ့မှသူ့ရဲ့မြေခွေးပေါက်လေးကိုရင်ဘက်ပေါ်တင်ကာအမွှေးလေးတွေကိုပွတ်ပေးနေလိုက်ကာသူ့မြေခွေးလေးကိုသေချာစောင့်ကြည့်နေလိုက်သည်။အရင်ကဆိုအသားအများကြီးစားတတ်တဲ့သူလေးကအခုတော့နည်းနည်းသာစားကာခွေကာအိပ်နေပြန်သည်။
ချစ်ရသူလေးဘာဖြစ်နေမှန်းမသိတာကအီဗန်အတွက်တကယ့်ကိုခံစားရခတ်စေသည်။