***uni***
ကောင်းကင်ဘုံရဲ့တစ်နေရာမှာရေတွေဖုံးလွှမ်းနေသောလှပလွန်းသည့်အဆုံးမဲ့ပင်လယ်ပြင်ကြီးမှာယခုတော့တစ်စုံတစ်ယောက်ရဲ့လက်ချက်ကြောင့်ပွစာကိုတက်နေပြီ
ပင်လယ်နဲ့ခပ်ဝေးဝေးမှာလေပေါ်မှာမတ်တတ်ရပ်ကာကြည့်နေကြသောနတ်ဘုရားများမှာသက်ပြင်းချကာခေါင်းခါလိုက်ကြသည်။
အစွမ်းအလွန်ထက်သော်လည်းကျတ်မပြည့်သည့်နတ်နဂါးဧကရာဇ်ရဲ့သောင်းကျမ်းနေမှု့ကြီးကိုလက်ပိုက်ကာသာကြည့်နေရတော့သည်။နတ်ဘုရားမများကတော့နဂါးအသွင်ပြောင်းကာပင်လယ်ထဲးမှာစိတ်ကြိုက်အော်ဟစ်ကာသောင်းကြမ်းနေသောနတ်နဂါးဧကရာဇ်ကိုချစ်ရည်ရွှန်းလဲ့နေသည့်မျက်ဝန်းများနဲ့ကြည့်နေကြလေသည်။
ထိုအချိန်မှာပဲလျင်မြန်သောအရှိန်နှင့်ရောက်ရှိလာသူမှာကောင်းကင်ဘုံဧကရာဇ်ကျိုချန်းသာဖြစ်သည်။
ကျိုချန်းစိတ်ရူးပေါက်ကာသောင်းကျမ်းနေသောတစ်ကောင်သားကိုကြည့်ကာနတ်သတ်ပါကြွေချင်သွားရသည်။
*ဟိုအကောင်...ရှောင်းရှောင်ကျန့်*!!
*ရား......ဘာတုန်းကွာ*
ကျိုးချန်းသူကိုနဂါးမျက်စောင်းနဲ့ကြည့်ကာစိတ်မရှည်ဟန်ထူးလာသည့်ကောင်ကိုစိတ်လေစွာကြည့်ကာ...
*မင်းဘာဖြစ်နေတာလဲး...အသက်ကဖင်စောင့်နေပြီအခုထိတစ်ခုခုဆိုသောင်းကျမ်းတက်တဲ့စိတ်ကမလျော့သေးဘူး*
*အကိုရှောင်ကိုဒီလိုတော့မပြောပါနဲ့ကျွန်မမကြိုက်ဘူး*
*ဟုတ်တယ်...ဟုတ်တယ်...အကိုရှောင်ကဒီလောက်ချစ်စရာကောင်းတာရှင့်စကားတွေကြောင့်လန့်သွားရင်ဘယ်လိုလုပ်မလဲ*
*ဟုတ်တယ်....*
ကျိုချန်းအခုမှတကယ်သက်သေချင်စိတ်ပါပေါက်သွားသည်။
အိုးကမပူစလောင်းကပူဖြစ်နေပြီတစ်ယောက်တစ်ပေါက်နဲ့ထောက်ခံစကားတွေပြောနေကြတဲ့နတ်ဘုရားမတစ်သိုက်ကိုကြည့်ကာစိတ်ပေါက်ပေါက်နဲ့ပိတ်ဟောက်လိုက်သည်။*တိတ်စမ်း....ငါသူ့ကိုပြောနေတာ.မင်းတို့ကိုပြေားနေတာမဟုတ်ဘူး...တကတည်းမှပဲမင်းတို့ကြောင့်ကောင်းကင်ဘုံကြီးတစ်ခုလုံးကလည်းဗရမ်းဗတာတွေကိုဖြစ်လို့*
![](https://img.wattpad.com/cover/359979283-288-k668516.jpg)