<Unicode>
"အမြန်ရှောင်လိုက်Host!!"
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပင်ခေါင်းကိုက်နေတာတောင်မပြေအားသေအစိမ်လုံးေအာ်သံေကြာင့်အလန့်တကြားဘေးကိုခုန်ရှောင်လိုက်ရကာမျက်လုံးဖွင့်ကြည့်လိုက်သည်။
သူကလူတစ်ယောက်နဲ့ယှဉ်ပြိုင်နေရပုံပင်တဖက်လူကပိန်ပိန်ပါးပါးနဲ့ဝတ်ဆင်ထားတဲ့အဝတ်အစားတွေကလည်းရှေ့ခေတ်အဝတိအစားတွေဖြစ်ကာတိမ်မြုတ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အဝတ်အစားတွေဖြစ်သည်။
စည်းဝိုင်းအပြင်မှာကအားပေးသံတွေနဲ့ဆူညံနေကြကာထိုေကာင်ေလးဝတ်ဆင်ထားတဲ့အဝတ်အစားတွေနဲ့ပုံစံတူအဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့လူတွေကိုတွေ့လိုက်သည်။
သူနဲ့တိုက်ခိုက်နေတဲ့ကောင်လေးကသူရှောင်လိုက်နိုင်လို့မကျေမနပ်ဖြစ်သွားပုံပင်မှော်မန္တာန်တစ်ခုကိုရွတ်ဆိုလိုက်သည်။
မီးတောက်တွေကစင်မြင့်အနှံ့ဟုန်းဟုန်းတော်လောင်လာပြီးမြွေလိမ်မြွေကောက်တွေသဖွယ့်ရှောင်းကျန့်ဆီတိုးဝင်လာသည်။ရှောင်းကျန့်ရေခဲကိုဆင့်ခေါ်နိုင်တဲ့မှော်မန္တာန်ကိုရွတ်ဆိုလိုက်သည်။
စင်မြင့်ပေါ်ကမီးတောက်တွေကရေခဲတွေအဖြစ်ပြောင်းလဲကာအေးခဲသွားပြီးလေပြင်းတွေကတိုက်ခတ်လာကာမုန်တိုင်းအသွင်ပြောင်းလဲသွားကာတဖက်ကကောင်လေးပြန်လည်တုံ့ပြန်ချိန်မရခင်မှာပင်မုန်တိုင်းနဲ့အတူလွင့်ပါသွားကာစင်မြင့်ပေါ်ကပစ်ကျသွားသည်။*......*!
ပတ်ဝန်းကျင်တစ်ခုလုံးကျေားချမ်းဖွယ်တိတ်ဆိတ်သွားကာအကုန်လုံးကသူ့ကိုမျက်လုံးပြူးကာထိတ်လန့်တကြားနဲေကြာင်အစွာစိုက်ကြည့်လာကြသည်။
ရှောင်းကျန့်ကတော့ထိုအရာတွေကိုဂရုမစိုက်ပါပဲအဝတ်အစားပေါ်ကဖုန်ေတွကိုခါချကာစင်မြင့်ပေါ်ကေနပေါ့ပေါ့ပါးပါးခုန်ဆင်းလို့အစိမ်းလုံးပြောပြတဲ့မူလပိုင်ရှင်နေထိုင်ရာတဲဆီပြန်သွားလိုက်ကာတဲထဲဝင်ကာထိုင်ခုံပေါ်ထိုင်ချလို့အစိမ်းလုံးလွှဲးပြောင်းပေးလာတဲ့အချက်အလက်တွေကိုလက်ခံလိုက်သည်။