<Unicode>
နှစ်ေယာက်သားလူကြီးရဲ့ချောချောလေးကိုငေးမောကြည့်နေမိပြီးမှလူကြီးနိုးလာတော့မှာတွေ့တော့တိုင်ပင်ထားခြင်းမရှိပါပဲမျက်လုံးမှိတ်ကာလူကြီးရဲ့ရင်ခွင်ထဲပြန်တိုးဝင်ကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
အိပ်ချင်ယောင်ဆောင်သွားတဲ့ကောင်ငယ်ေလးနှစ်ယောက်မသိလိုက်သည်ကာပြုံးယောင်သန်းသွားသောချန်ကျောက်ကျိုးရဲ့နှခမ်းပါးတွေကိုပင်
ချန်ကျောက်ကျိုးအိပ်ချင်ယောင်ဆောင်နေတဲ့ကောင်ငယ်လေးနှစ်ယောက်ကိုမနှိုးတော့ပဲလင်ဟန်ရုံကိုအရင်ခေါင်းအုံးပေါ်သေချာနေရာချပေးလိုက်ပြီးလင်ကျစ်ကိုလည်းသေချာနေရာချပေးလိုက်ကာစောင်သေချာခြုံယောင်ဆောင်နေတဲ့ခလေးနှစ်ယောက်ကိုအသည်းယားစွာခိုးကာနမ်းသည့်အနမ်းမဟုတ်သည့်တရားဝင်အနမ်းအဖြစ်နဲ့နှဖူးပြေပြေလေးတွေကိုနမ်းရှိုက်လိုက်သည်။တောင့်တင်းသွားတဲ့ခန္တာကိုယ်လေးတွေနဲ့သိသိသာသာပန်းရောင်သန်းသွားတဲ့ပါးပြင်နုနုလေးတွေကိုမသိချင်ယောင်ဆောင်ကာရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။
ရေချိုးခန်းတံခါးပိတ်သံနဲ့အတူဖွင့်လှစ်သွားသောမျက်ဝန်းတောက်တောက်တွေကအသက်ဝင်နေကာတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြကာကိုယ့်နှဖူးကိုမယုံကြည်နိုင်စွာလက်နဲ့ဖွဖွကိုင်လိုက်မိကြသည်။
နွေးထွေးလွန်းသည့်အနမ်းကြောင့်ထိုနေရာလေးကနွေးထွေးနေဆဲဖြစ်ကာပန်းရောင်သန်းနေသောပါးပြင်လေးတွေကသူတို့မည်မျှလောက်ထိရှက်နေကြောင်းဖော်ပြနေသလိုမျက်ဝန်းတောက်တောက်လေးတွေနဲ့နေတဲ့နှခမ်းပါးလေးတွေကလည်းသူတို့မည်မျှလောက်ထိကျေနပ်ပျော်ရွှင်နေကြောင်းဖော်ပြနေသည်။
ချန်ကျောက်ကျိုးရေချိုးခန်းထဲကထွက်လာခံနီးလေးမှာနှစ်ယောက်သားပြန်လည်ကာအိပ်ချင်ယောင်ဆောင်လိုက်သည်။
ချန်ကျောက်ကျိုးကသူတို့ခန္တာကိုယ်ပေါ်ကလျောကျနေတဲ့စောင်ကိုသေချာလွှမ်းခြုံပေးပြန်ကာအခန်းထဲကထွက်သွားသည်။ချန်ကျောက်ကျိုးအခန်းထဲကထွက်သွားကာမှအိပ်ချင်ယောင်ဆောင်နေသည်ကိုရပ်တန့်ကာထထိုင်လိုက်ကြကာအမေးမျက်လုံးတွေနဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။