arc2-9ကယ်ဗင် ဟန်နရီ

1.3K 69 0
                                    

<Unicode>

ဒါပေမယ့်အထဲကကောင်ကလေးနိုးသွားမှာစိုးလို့ပါးစပ်ကိုလက်နဲ့အုပ်ကာအသံမကျယ်‌ေအာင်ဂရုတစိုက်ရယ်လိုက်ကြကာသားအဖနှစ်ယောက်စီစဉ်စရာရှိတာစီစဉ်ရန်ထွက်လာခဲ့လိုက်ကြသည်။

........

စစ်ကြေငြာသံနဲ့အတူမြောက်မြားစွာသောစစ်သားတွေကမက်ထီရိုနိုင်ငံရဲ့အပြင်ဘက်မှာတည်ရှိလို့နေသည်။
ကြီးမားသောဂိတ်တံခါးကြီးကပိတ်ထားကာအပြင်ကလူတွေအထဲကိုဝင်နိုင်ခြင်းမှရှောင်ရှားထားသည်။

ဟိုဘက်ခေါင်းဆောင်ဒီဘက်‌‌ေခါင်း‌ေဆာင်ကတစ်ယောက်ကိုတစ်ယောက်ခက်ထန်စွာကြည့်နေကြသည်။
တဖက်ကဦးဆောင်လာသည့်လူကာမက်ထီရိုနိုင်ငံလိုအင်းအားကြီးလီဗန်နိုင်ငံရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့အန်သီရိုနာဖြစ်ကာသူမကမိန်းခလေးတစ်ယောက်ဖြစ်ပါသော်လည်းအဆုံးမရှိတဲ့စစ်နတ်ဘုရားမတစ်ယောက်လည်းဖြစ်သည်။

ထိုအချိန်မှာပဲလီဗန်စစ်တပ်ရဲ့အနောက်ကနေဝိုင်းရံလိုက်သောသူတွေကြောင့်စစ်သားတွေကမျက်နှာပျက်သွားကြသည်။

......ဖြောင်း.....ဖြောင်း...ဖြောင်း......

*တော်ပါပေတယ်စစ်သူကြီးကယ်ဗင်ဟန်နရီကဒီ‌လောက်ခရီးဝေးကိုတစ်နေ့ထဲနဲ့အရောက်လာနိုင်ခဲ့တယ်ဆိုတော့....တကယ့်ကိုအတော်ဆုံးစစ်သူကြီးဖြစ်ထိုက်ပါပေတယ်.....*

လက်ခုတ်တဖြောင်းဖြောင်းတီးကာသောမိန်းမပျိုကိုကြည့်ကာကယ်ဗင်ကပြုံးလိုက်ပြီး.....

*မခံယူဝံ့ပါဘူး..မခံယူဝံ့ပါဘူး...ကျုပ်တစ်ခုပဲခင်ဗျားတို့ကိုသတိပေးချင်တာက....ကျုပ်တို့အလိုရှိတာသစ္စာဖောက်တွေကိုပဲ....သစ္စာဖောက်တွေကိုလွှဲပေးရင်ပေး...မပေးရင်ခင်ဗျားတို့လီဗန်နိုင်ငံကကမ္ဘာ့မြေပုံထဲကနေအပြီးအပိုင်ပျောက်ကွယ်သွားလိမ့်မယ်......*

ကယ်ဗင်စကားကြောင့်အန်သီရိုနာမျက်နှာပျက်ယွင်းသွားသော်လည်းအရှုံးမရှိခဲ့ဖူးတဲ့သူမအဖို့ထိုစကားတွေကနားထဲသံရည်ပူ‌ေလာင်းထည့်လိုက်သလိုအမြင်ကပ်ဖို့ကောင်းလွန်းနေသည့်အပြင်လွယ်လွယ်လက်မလျော့တတ်သည့်သူမအဖို့မစခင်ထဲကအရှုံးပေးဖို့ရာမဖြစ်နိုင်ပေ

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now