<Unicode>
နေ့လယ်ကျောင်းဆင်းသည်နှင့်ရှောင်းကျန့်ထံဇာတ်လိုက်မနဲ့ဝမ်ရိပေါ်ကရောက်ချလာကာကန်တင်းမှာေန့လယ်စာစားရန်ခေါ်လာတာမလို့အနောက်ကနေလိုက်ခဲ့လိုက်သည်။
ကန်တင်းရောက်တော့လွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပြီးဝမ်ရိရှင်းတို့ကိုစောင့်နေလိုက်သည်။
ကန်တင်းထဲးကလူအများစုကတော့သူ့ကိုမနှစ်မျို့စွာကြည့်နေကြသည်။
သူ့နှဖူးမှာရှိတဲ့နတ်ဆိုးအမှတ်အသားကတစ်ဝက်ပဲရှိနေရင်တောင်သူကနတ်ဆိုးဖြစ်နေဆဲးပဲလေခဏအကြာဇာတ်လိုက်မတို့မောင်နှမကရောက်လာပြီးသူ့ဘေးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်သည်။
စောင့်ရသည့်အလုပ်ကိုစိတ်မဝင်စားတာမလို့ကန်တင်းကိုဦးစွာရောက်လာရခြင်းဖြစ်ကာသူ့ထက်များစွာနှေးသည့်ဝမ်ရိရှင်းတို့ကနောက်မှရောက်လာရတာဖြစ်သည်။
*ဟို....ကျွန်တော်မမတို့အတွက်နေ့လည်စာသွားယူလိုက်အုံးမယ်နော်*
ကန်တင်းရောက်တိုင်းရိပေါ်ကပဲနေလည်စာသွားဝယ်ရတာကြောင့်ရိပေါ်ကထိုင်ခုံမှာမထိုင်ဘဲဝမ်ရိရှင်းကိုကြည့်ကာပြေားလိုက်သည်။
*အို...နေနေမမသွားယူလိုက်မယ်လေ...မောင်လေးကဒီမှာအေးဆေးထိုင်နေနော်မမမောင်လေးပင်ပန်းနေပါအုံးမယ်*
*ဟို...ရ..ရပါတယ်မမကျွန်တော်မပင်ပန်းပါဘူးကျွန်တော်သွားယူပေးပါမယ်*
*ပြောမရရင်လည်းသွားယူပေါ့...ဂရုစိုက်အုံးနော်*
*ဟုတ်....*
ရိပေါ်ပြေားပြီးလှည့်အထွက်တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ရှောင်းကျန့်ဆီကအသံထွက်လာသည်။
*ေနအုံး...ကိုယ်လည်းလိုက်မယ်*
*ဟင်....ရှောင်းကောကဘာလို့သွားမှာလည်းဒီမှာထိုင်စောင့်နေတာမဟုတ်ဘူး*
*ကိုယ့်ခြေထောက်နဲ့ကိုယ်သွားတာမင်းကိုဘာလို့ဂရုစိုက်နေရမှာလည်း*
*ဟို...ညီမကရှောင်းကောပင်ပန်းမှာစိုးရိမ်လို့ပါ*
ရိပေါ်ကတော့မျက်နှာငယ်လေးနဲ့ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ကြောင်တောင်တောင်လေးနဲ့မလို့ရှောင်းကျန့်ပြုံးရပြန်သည်။
