arc-8:8ရွိုက်ခါ

284 14 0
                                    

<Unicode>

သရုပ်ဆောင်သိပ်တော်လွန်းတဲ့ဆရီနာကိုလီယွန်ပြောစရာစကားမဲ့စွာစိုက်ကြည့်လိုက်သည်။
*ငါကိုအကိုရွိုက်ခါကဖမ်းထားတာမဟုတ်ဘူး...ငါ့ဘာသာငါအကိုရွိုက်ခါနဲ့အတူလိုက်လာတာ*

*လီယွန်ရယ်...ဘာလို့ဇာ့ဂ်တွေနဲ့ပူးပေါင်းရတာလဲငါတို့ကနင့်ကိုအမြဲလက်ခံမှာပါဟာ*

*ဟန်ဆောင်မနေစမ်းပါနဲ့ဆရီနာ!....နင်ကိုငါကတော့ငါ့အချစ်ဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ခဲ့တာနင်ကတော့...ကျစ် .....*

လီယွန်ကဆက်မပြောနိုင်တော့စွာစုတ်တစ်ချက်သတ်ကာပြောလိုက်တာမလို့ရွိုက်ခါကလီယွန်ပုခုံးကိုပုတ်ပေးလိုက်ကာအသာနှစ်သိမ့်ပေးလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ဇာ့ဂ်တွေကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာလီယွန်ကိုကြည့်နေတဲ့သူတို့အကြည့်တွေကပြောင်းလဲသွားကာသူတို့ရဲ့သခင်မကိုကြည့်နေသလိုကြည်ညိုလေးစားမှုတွေနဲ့ပြည့်နှက်သွားသည်။

သူတို့အရှင်အမုန်းဆုံးအရာကသူစိမ်းတွေနဲ့အသားချင်းထိတွေ့ရမှာကိုပင်ဖြစ်ကာကောင်လေးကိုတော့လိုလိုလားလားပင်ထိတွေ့လိုက်သေးသည်။
နောက်ပြီးထိုအရာကိုသူတို့အရှင်ကသဘောကျနေသယောင်တောင်ရှိသေးသည်။
သေချာပေါက်တစ်ခုခုတော့တစ်ခုခုပဲ

သူတို့အကြည့်တွေကိုတွေ့တော့လီယွန်ကစိတ်ထဲထူးဆန်းသွားသလိုခံစားလိုက်ရသော်လည်းခေါင်းထဲမထားတော့ဘဲဆရီနာကိုသာကြည့်လိုက်သည်။
*ဆရီနာ...နင်ဘာလို့ငါ့ကိုချောက်တွန်းခဲ့တာလဲ?...ဘာလို့လဲ?...ငါနင့်အပေါ်မကောင်းပေးခဲ့လို့လားသူငယ်ချင်းကောင်းမပီသပေးခဲ့လို့လား*

*လီ....လီယွန်နင်ဘာတွေပြောနေတာလဲ....နင်...နင်ကသာငါ့အကြောင်းတွေဗယ်လန်ကိုမကောင်းပြောခဲ့တဲ့သူပါ...ငါကနင့်ကိုခွင့်လွှတ်ပေးတာတောင်ဘာလို့အခုလိုစွတ်စွဲရတာလဲ*

ဆရီနာရဲ့မျက်နှာကပြို‌ေတာ့မယ့်မိုးလိုဖြစ်လာကာခေါင်းငုံ့ကာဝမ်းနည်းတကြီးနဲ့ပြောလာတာမလို့ဗယ်လန်တီနိုကသူ့ချစ်ရသူလေးကိုရင်ခွင်ထဲပွေ့ဖက်ကာနှစ်သိမ့်ပေးလိုက်ကာလီယွန်ကိုစူးရဲစွာစိုက်ကြည့်လိုက်သည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now