<Unicode>
နက်ပြာရောင်အဝတ်အစားတွေကိုတစ်ကိုယ်လုံးဝတ်ဆင်ထားကာမျက်နှာမဖော်ထားပဲမျက်လုံးသာလှစ်ဟထားသောလူ၁၀ယောက်မှာဘုရင့်အိမ်တော်နားရစ်သီရစ်သီလုပ်ကာစောင့်ကြပ်နေသောအစောင့်တွေကိုကျွမ်းကျင်စွာရှောင်တိမ်းလို့ဘုရင်အိမ်တော်ထဲဝင်သွားလေသည်။
ဘုရင်နိုလန်ကစာကြည့်စာပွဲးမှာထိုင်လို့အစီအရင်ခံစာတွေကိုဖတ်ရှူနေပြီးရုတ်တရက်ထွက်ပေါ်လာသောလုပ်ကြံသူတွေစောင့်တွေကိုခေါ်ရန်ပြင်လိုက်သော်လည်းထိုအဖွဲ့ထဲကခေါင်းဆောင်ဖြစ်ဟန်တူတဲ့သူကဘုရင်နိုလန်ရဲ့ပါးစပ်ကိုပိတ်ကာလည်ပင်မှာဓားထောက်ကာအပြတ်ရှင်းရန်လုပ်လိုက်သော်လည်း'ဝှစ်'ခနဲလေတိုးသံနဲ့အတူကျောက်ခဲတစ်လုံးကဓားထောက်ထားတဲ့လက်ကိုထိမှန်သွားသည်။
*အား......*
နာကျင်စွာအော်သံနဲ့အတူလုပ်ကြံသူကသူ့လက်ကောက်ဝတ်ကိုဖိကိုင်ကာအပြင်ကရဲမက်တွေရဲ့အုပ်အုပ်ကြပ်ကြပ်အသံတွေကြောင့်ထွက်ပြေးသွားလေသည်။
လုပ်ကြံသူတွေထွက်ပြေးသွားတော့အေမှာင်ထဲကေနလူတစ်ယောက်ကထွက်လာကာနိုလန်ကိုရင်ခွင်ထဲပွေ့ဖက်ကာ......*ကိုယ်နဲ့လိုက်ခဲ့တော့....*
*အင်း.....ဒါပေမယ့်အခုနိုင်ငံကအန္တာရယ်ကျရောက်နေတာလေ....*
*ရတယ်....မင်းရဲ့သွေးမတော်သားမစပ်တဲ့သားလေးမင်းနေရာဆက်ခံလိမ့်မယ်....ကိုယ်မင်းကိုဒီလိုအန္တာရယ်များတဲ့နေရာမှာဆက်မထားနိုင်တော့ဘူး.....*
ထိုလူကပြောပြီးသည်နှင့်နိုလန်ကိုပွေ့ချီကာကိုယ်ပျောက်ဝတ်ရုံကိုလွှမ်းခြုံလို့အစောင့်တွေကိုကျွမ်းကျွမ်းကျင်ကျင်ရှောင်တိမ်းကာနန်းတော်ထဲကထွက်ခွာသွားလေသည်။
နန်းတော်ထဲမှာတော့ရုတ်တရက်ဘုရင်ကပျောက်သွားတာမလို့အုပ်အော်သောင်နင်ဖြစ်ကာပြည်သူတွေမှာဘုရင်အတွက်ဆုတောင်းပေးနေကြတော့သည်။
ဖခင်မရှိတော့တဲ့တိုင်းပြည်ကရှေ့ဆက်ဖို့ရန်မဖြစ်နိုင်တာမလို့အိမ်ရှေ့စံစမ်မျုရယ်ကိုဘုရင်မြှောက်ပေးရန်သာရှိတော့သည်။အုပ်အော်သောင်နင်းဖြစ်နေတဲ့နန်းတော်ကြီးနဲ့မသက်ဆိုင်စွာဟန်နရီအိမ်တော်မှာတော့ဒေမီယန်စစ်တပ်ကတပ်စွဲကာသူတို့အရှင်ရဲ့အမိန့်အတိုင်းစုစည်းနေကာနောက်နေ့မှာပါဝင်ရမယ့်စစ်ပွဲအတွက်တက်ကြွနေကြသည်။