<Unicode>
သကြားလုံးကိုပါးစပ်ထဲအမြန်ထည့်ကာအချိုစားလိုက်မှဆေးခါးကြီးရဲ့အရသာကပျောက်ကွယ်သွားတာမလို့အီသန်ကကယ်ဗင်ကိုအမေးမျက်လုံးတွေနဲ့ကြည့်ကာမေးလိုက်သည်။
*သကြားလုံးကဘယ်ကရတာလဲလူကြီး...**ဟီး....အဲ့ဒါကသည်းညှာအတွက်ကိုယ်ယူလာပေးတာ...ကိုယ့်ထဲမှာအများကြီးကျန်သေးတယ်...*
*အော်...လူကြီးဒါနဲ့လေဒီကနေဘယ်တော့ပြန်ရမှာလဲ...*
*အချစ်လေးကပြန်ချင်နေပြီးလား...*
*ဟုတ်ဘူး....ဒီမှာနေချင်လို့ဒီမှာအရမ်းလှတယ်လေထုကလည်းလက်ဆက်တယ်မြို့တော်မှာလိုမမွန်းကြပ်ရဘူး...အရမ်းသာယာတယ်အေးချမ်းတယ်အာဏာလုနေတဲ့သူတွေလည်းမရှိဘူး*
*ဒါဆိုကိုယ်တို့မြို့တော်ရောက်ရင်ပြဿနာတွေအားလုံးဖြေရှင်းပြီးလို့နိုင်ငံကြီးအေးချမ်းသွားရင်သည်းညှာနဲ့ကိုယ်နဲ့ဒီနေရာမှာအိမ်လေးဆောက်ပြီးလာနေကြမလား...*
*တကယ်....အွင်းအွင်းနေမယ်...ခဏလေးခုဏကသည်းညှာအတွက်လက်ဆောင်ပါတယ်ဆို...ဘယ်မှာလဲအခုပေးလေ*
လက်လေးရှေ့ဆန့်ကာေတာင်းလာတာမလို့ကယ်ဗင်ကပြံုးကာအီသန်ကိုအောက်ခဏချပေးလိုက်ပြီးလက်ကဆွဲကာတဲအပြင်ကိုခေါ်လာခဲ့လိုက်သည်။
မြက်ခင်းပြင်ထက်ဆော့ကစားနေသောယုန်လေးတွေကိုတွေ့လိုက်ရတော့အီသန်အံ့ဩသွားသည်။ယုန်လေးတွေကအီသန်ကိုတွေ့တာနဲ့အနားအမြန်ရောက်လာကာခေါင်းလေးတွေတိုးဝှေ့ကာပွတ်သပ်ကြသည်။
*ဒါ...ဒီယုန်လေးတွေကဟန်နရီအိမ်တော်ကဥယာဉ်ထဲကယုန်လေးတွေမဟုတ်ဘူးလား**ဟုတ်တာပေါ့သည်းညှာရဲ့ကိုယ်ကသည်းညှာဒီမှာပျင်းနေရင်ဆော့ရအောင်ယူလာပေးတာ*
ကယ်ဗင်စကားကြောင့်ယုန်စုတ်လေးတွေကိုထိန်းနေရသည့်လူတွေကမျက်လုံးလှိမ့်လိုက်မိကြသည်။
သူတို့မှာအလာတုန်းကလည်းတစ်ကားလုံးထိုယုန်စုတ်တွေကိုမနည်းထိန်းကာလာကြရပြီးဒေမိယန်စစ်သားတွေဖြစ်မျောက်ထက်ဆိုးသည့်ယုန်စုတ်လေးတွေမပျောက်အောင်ထိန်းသိမ်းပေးနေကြရသည်။အီသန်ကယုန်လေးတွေရှေ့ထိုင်ကာသူ့ပေါင်ပေါ်ကုတ်ကပ်တက်လာသည့်ယုန်လေးတွေနဲ့ဆော့ကစားနေလိုက်သည်။
ကယ်ဗင်ကတော့အီသန်နဲ့မျက်နှာချင်းဆိုင်ထိုင်ကာယုန်လေးတွေနဲ့ဆော့ကာပျော်မြူးနေတဲ့အသက်လေးကိုငေးနေသည်ကြောင့်ထိုမြင်ကွင်ကိုတွေ့နေရသည့်စစ်သားတွေကတော့ခွေးစာတွေတနင့်တပိုးစားလိုက်ရသည်။