<Unicode>
လျှိုရှန်းမှာကိုယ်ဝန်ရင့်မာကြီးနှင့်ပင်ခင်ပွန်းဖြစ်သူကမူးရူးကာစိတ်တိုဒေါသထွက်ကာသတ်ပစ်ခြင်းကိုခံခဲ့ရကာလျှိုရှန်းရဲ့ခင်ပွန်းကလည်းအကျဉ်းထောင်ထဲရောက်သွားခဲ့ကာသေဆုံးသွားခဲ့သည်။
လျှိုရှန်းရဲ့ဖြစ်ကြောင်းတွေအားလုံးကိုသူနဲ့အရှင်သိသွားခဲ့ကာအရှင်ကသူ့ကြောင့်ဟုဆိုကာသူ့ကိြအလွန်မုန်းတီးခဲ့သည်။
သူကတော့ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေနဲ့သာအခန်းအောင်းနေပြီးကိုယ့်ကိုကိုယ်သတ်သေရန်ကြိုးစားခဲ့ဖူးပေမယ်စုထုံကအချိန်မှီတားဆီးခဲ့တာမလို့အသတ်မသေခဲ့ပေ
ဒါပေမယ့်ထိုနေစပြီးစုထုံကသူ့ကိုမျက်စိအောက်ကအပျောက်မခံပဲစောင့်ကြည့်ခဲ့သည်။
သူအရှင်ရဲ့ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်ကာသူ့ဖခင်ရဲ့အကြံအစည်တွေချည်းသာ....
အရှင့်ခမည်းတော်ဘုရင်ဟောင်းကြီးနေမကောင်းဖြစ်ကာနတ်ရွာစံသွားေတာ့တိုင်ပြည်အတွက်ဘုရင်အသစ်အဖြစ်အိမ်ရှေ့စံဖြစ်တဲ့အရှင်ကငယ်ငယ်ရွယ်ရွယ်လေးနဲ့တိုင်းပြည်ရဲ့ဖခင်ဖြစ်ခဲ့ရသည်။
ဒါပေမယ့်အရှင်က၁၉နှစ်သာရှိသေးတာကြောင့်အင်းအားကြီးတဲ့အမတ်တွေကအရှင်ကိုထိန်းချုပ်နိုင်ရန်အတွက်သူတို့ရဲ့သမီးပျိုကညာတွေကောသားလေးတွေကိုစေလွှတ်ကာအရှင့်အတွက်မောင်းမဆောင်ထဲအတင်းထည့်ကာအရှင်ကိုသူတို့ရဲ့ကောသားတွေသမီးတွေကသာလွှမ်းမိုးနိုင်ခဲ့ပါကအရှင်ကအချစ်နွံနစ်ကာသူတို့ရဲ့ရုပ်သေးရုပ်ဖြစ်စေရန်ကြိုးစားခဲ့တာပင်..
သူကအရှင့်ရဲ့ငယ်သူငယ်ချင်းဆိုတာကိုသူ့အဖေကသိသွားကာသူ့ကိုအရှင်းနားပို့ကာအရှင်ကိုထိန်းချုပ်နိုင်ရန်ကြိုးစားစေခဲ့တာပင်
ဒါပေမယ့်အဖေမသိတာကသူဘယ်တော့မှအရှင်ကိုဒုက္ခေရာက်ေစနိုင်တဲ့အရာေတွကိုလုပ်မှာမဟုတ်တာကိုပင်.......
အခုအရှင်ရေကန်ထဲကျတဲ့ကိစ္စကလည်းမိဖုရား
ဟွမ်ရုန်းနဲ့လမ်းလျှောက်နေရင်းမိဖုရားဟွမ်ရုန်းကခြေချော်ကျကာရေနစ်သွားတော့အရှင်ကစိုးရိန်ကာမိဖုရားဟွမ်ရုံကိုဆင်းကယ်ခဲ့သည်။
