<Unicode>
"အဲ့ဒါကhostရဲ့လက်တွဲဖော်အမှတ်အသားလေဘာဆိုင်လို့လဲ...."
"မင်းရှာမကူလည်းဒီအမှတ်အသားလေးတစ်ခုနဲ့တင်ငါ့အချစ်လေးကိုရှာနိုင်တယ်"
"......"
သိပါတယ်....သိပါတယ်အားနေကြွားလုံးထုပ်နေရတာတော်တော်မှပျော်ရဲ့လားhostရယ်
တိတ်ဆိတ်သွားသောအစိမ်းလုံးရှိရာဘက်ကိုမှန်းစလို့အမြင်ကပ်စရာကောင်းတဲ့အပြုံးမျိုးပြုံးပြကာဝီချဲကိုတွန်းလို့အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။
အချိန်အားဖြင့်ည၇နာရီခန့်ရှိနေပြီမလို့ဝီချဲပေါ်ကထကာရေချိုးရန်အေးအေးလူလူသီချင်းလေးတညီးညီးနဲ့ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ရေချိုးသန့်စင်ပြီးတော့မူလကိုယ်ရဲ့အကြောင်းတွေကိုမှတ်ဉာဏ်ထဲကနေကြည့်လိုက်သည်။
မူလကိုယ်ကမိဘတွေနဲ့ငယ်စဉ်ထဲကကွဲကွာသွားကာမူလကိုယ်ငယ်ငယ်တုန်းကသူ့မိဘတွေကချမ်းသာကာအာဏာရှိသည်ဆိုတာနဲ့မူလကိုယ်အသက်၄နှစ်မှာမတရားခံရကာစီးပွားပျက်ခဲ့ရပြီးမူလပိုင်ရှင်ကလည်းပြန်ပေးဆွဲးခံခဲ့ရကာဉာဏ်ကောင်းသည့်ကျင်းချွမ်လုသေးသေးလေးကထွက်ပြေးလွတ်မြောက်ခဲ့ကာAမြို့တော်ရဲ့ဩဇာအာဏာရှိတဲ့ကျင်းမိသားစုရဲ့ခေါင်းဆောင်ကခေါ်ယူမွေးစားခဲ့ကာတက်သင့်တက်အပ်တာတွေကိုသင်ကြားပေးခဲ့သည်။မူလပိုင်ရှင်ကအလွန်ထက်မြက်ကာသက်ကြားအိုးကြီးတွေထက်ခြေတစ်လှမ်းအမြဲသာနေကာAမြို့တော်ရဲ့top 10ထဲဝင်တဲ့ကျင်းမိသားစုကကျင်းချွမ်လုရဲ့ဦးစီးဦးဆောင်မှုတွေအောက်မှာtop 1ဝင်သွားခဲ့ကာအသက်အငယ်ဆုံးစီးပွားရေးဧကရာဇ်အဖြစ်အများကသတ်မှတ်ခဲ့သည်။
ကျင်းချွမ်လုကbateဆိုတဲ့နေရာကိုရောက်တော့ချွမ်လုမျက်ခုံးတွေစုကြုံ့သွားကာရေချိုးခန်းကမှန်မှာပေါ်လွင်နေတဲ့ခန္တာကိုယ်နဲ့အရပ်အမောင်းကိုမြင်မှာစုကြုံ့နေတဲ့မျက်ခုံးတွေကပြေလျော့သွားသည်။
ကျင်းချွမ်လုရဲ့ခန္တာကိုယ်ကကြွက်သားမြောင်းမြောင်းတွေနဲ့အလွန်မျက်စိပဒဿရှိကာကျယ်ပြန့်သောပုခုံးနဲ့တဖြည်းဖြည်းနဲ့သေးငယ်သွားသောခါးက၃၀လက်မအထက်ရှိကာအလွန်ဆွဲဆောင်အားကောင်ကာခန္တာကိုယ်အချိုးအစားလှသည်ဆောင်အားကောင်ကာခန္တာကိုယ်အချိုးအစားလှသည့်ထဲမှာပါရှိလေသည်။