arc-5:4မဏ္ဏိသက္က

365 23 0
                                    

<Unicode>

*ကိုယ်မင်းကိုချစ်ခဲ့တယ်ဆိုတာမှန်တယ်မင်းဘက်ကရောဘာအနှောင်အဖွဲ့မှမရှိခင်ကိုယ့်ကိုရွေးချယ်ခဲ့လို့လား...အခုကိုယ့်သမိုင်းမှာရှင်းသန့်နေခြည်ဆို
တဲ့မင်းကဘာမှမဟုတ်တော့ဘူး..ကိုယ်မင်းကိုဆက်ချစ်နေသေးတယ်လို့ထင်နေတာလား...မောင်နှမ‌သံယောဇဉ်မပျက်ချင်ရင်မင်းစကားတွေကိုရပ်တန့်ကရပ်လိုက်ပါ!*

ဇာတ်လိုက်မကဆက်ပြောရန်ပြင်လိုက်သော်လည်းနောက်ဆုံးခေါင်းငုံ့ကာသာအခန်းထဲကထွက်သွားတော့သည်။

သူမကအခန်းရှေ့ကခရာကိုမြင်တော့စူးရဲစွာစိုက်ကြည့်သွားတာမလို့ခရာကကိုယ်ကိုရို့ကာခေါင်းငုံ့ကာသာအခန်းထဲဝင်လာခဲ့လိုက်သည်။
အကိုတို့ပြောတဲ့စကားတွေအားလုံးကိုသူအတိုင်းသားကြားခဲ့ပါသည်အမရှင်းသန့်ပါးစပ်ကနေထိုသို့သိက္ခာမဲ့တဲ့စကားတွေထွက်လာသည့်အတွက်လည်းသူတကယ့်ကိုမယုံကြည်နိုင်ပေ

တဆက်တည်းရင်ထဲမှာလည်းမျှော်လင့်ချက်လေးတွေအသစ်တဖန်ထွက်ပေါ်လာသည်။
အခန်းထဲရောက်တော့အကိုကဆေးသောက်ပြီးအိပ်ရန်ပြင်နေတာကိုတွေ့လိုက်ရတာမလို့မနှောင့်ယှက်တော့ပဲအကို့ကိုစောင်ခြုံပေးလိုက်ကာအကို့ကိုနှုတ်ဆက်လိုက်သည်။

*အကိုအိပ်တော့မယ်ဆိုအိပ်တော့နော်ခရာအကို့ကိုမနှောက်ယှက်‌ေတာ့ဘူးခရာအောက်မှာလုပ်စရာရှိတာတွေသွားလုပ်လိုက်အုံးမယ်...အကိုလိုအပ်တာရှိရင်အော်ခေါ်လိုက်နော်....*

ပြောချင်ရာပြောကာလှည့်ထွက်သွားသည့်ခရာရဲ့လက်ယောက်ရဲ့ဖမ်းဆွဲးခြင်းကိုခံလိုက်ရကာအားအနည်းငယ်ထည့်ကာဆွဲးလိုက်တာမလို့အရှိန်မထိန်းနိုင်လိုက်ပဲကုတင်ပေါ်ကသူဆီအုပ်မိုးကာကျသွားသည်။

*ကိုယ်နဲ့အတူအိပ်ပေး*

*ဟင်...*

ခရာသူ့အောက်ကလူကိုမယုံနိုင်စွာကြည့်လိုက်သည်။
သူ့ကိုတောင်းဆိုသလိုကြည့်လာတဲ့မျက်ဝန်းနက်နက်တွေကြောင့်ငြင်းပယ်ဖို့ရာမရှိတော့ကာခေါင်းညိမ့်ကာသာလက်ခံလိုက်ရသည်။

အကိုနေရကျက်မှာစိုး၍အကို့ခန္တာကိုယ်ပေါ်ကနေကုတင်ပေါ်ဆင်းလိုက်သည်။
သူ့ခန္တာကိုယ်ကကုတင်နဲ့ကျေားကပ်တာနဲ့အကိုကသူ့ကိုချက်ချင်းဖက်တွယ်လာကာရင်ခွင်ထဲဆွဲသွင်းလိုက်တာမလို့သူ့ရဲ့ကျေားကအကို့ရင်ဘက်နဲ့ထိကပ်သွားကာအကို့ရဲ့နှလုံးခုန်သံကိုအတိုင်းသားကြားနေရသည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now