<Unicode>
အပေါ်ကနေတစုံတခုကပိကျနေသလိုခံစားရတဲ့အပြင်အသက်ရှုကျပ်သည့်ခံစားချက်ကိုပါခံစားနေရတာမလို့ရှောင်းကျန့်မျက်လုံးဖွင့်ကြည့်လိုက်တော့တွေ့လိုက်ရသည်ကာသူ့အပေါ်ကအပျက်အစီးပုံကြီးကိုသာ
*........*
"အဟမ်း....hostဒီကမ္ဘာရဲ့ဇာတ်ကြောင်းကိုလွှဲးပေးလိုက်ပါပြီး"
"s**t! ....နေပါအုံးဟချက်ချင်းကိုလွှဲပေးနေတော့တာပဲ"
နာကျင်မှုသက်သာသွားမှအပေါ်ကအပျက်အစီးပုံကြီးကိုမျက်ကွယ်ပြုကာမှတ်ဉာဏ်တွေကိုကြည့်လိုက်သည်။
ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကကြယ်တာရာခေတ်ကိုအခြေပြုကာရေးသားထားခြင်းဖြစ်ကာဒီကမ္ဘာရဲ့ဇာတ်လိုက်ကVAlENTINO(ဗယ်လန်တီနို)ဖြစ်ကာMaeve(မေဗ်)ဂြိုလ်ကိုအုပ်စိုးတဲ့တော်ဝင်မိသားစုကမင်းသားတစ်ပါးဖြစ်ကာရဲရင့်ကာတက်ကြွပြီးစွန့်စားလိုစိတ်ရှိကာကြင်နာတက်တဲ့မင်းသားတစ်လက်အဖြစ်အများကယုံကြည်လက်ခံထားသည်။
ဇာတ်လိုက်မကတော့မေဗ်ဂြိုလ်ရဲ့စိတ်စွမ်းအားအသံုးပြုပံုကိုလေ့ကျင့်သင်ကြားပေးတဲ့တော်ဝင်ကျောင်းတော်မှာတက်ရောက်နေတဲ့ကျောင်းသူတစ်ဦးဖြစ်တဲ့serena(ဆရီနာ)ကျောင်းသားတွေရဲ့စွမ်းအားကိုစမ်းသပ်တဲ့အနေနဲ့ဇာ့ဂ်တွေနဲ့လူသားတွေရဲ့တိုက်ပွဲးမှာတော်ဝင်ကျောင်းတော်တွေကအေတာ်ဆံုးကျောင်းသားအနည်းစုကိုတိုက်ပွဲးအတွင်းစေလွှတ်လေ့ရှိကာ....
ဇာတ်လိုက်မကလည်းကျောင်းတော်ရဲ့ထိတ်တန်းကျောင်းသူတစ်ယောက်ဖြစ်တာမလို့သေချာပေါက်ပင်စေလွှတ်ခံရသည့်အဖွဲ့ထဲပါသွားခဲ့သည်။
ထိုအချိန်မှာဇာတ်လိုက်ကလည်းဇာ့ဂ်တွေနဲ့တိုက်ခိုက်ရသည့်တိုက်ပွဲးအတွင်းမှာတစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ပေးခဲ့ကာဇာတ်လိုက်မနဲ့စတင်တွေ့ရှိခဲ့သည်။
ဇာတ်လိုက်မရဲ့ထူးချွန်ထက်မြက်မှုတွေရဲရင့်တက်ကြွမှုတွေကဇာတ်လိုက်ရဲ့စိတ်အာရုံကိုဖမ်းစားသွားခဲ့ကာဇာတ်လိုက်မကိုလေ့လာစောင့်ကြည့်ခဲ့သည်။
ဇာတ်လိုက်မဒုက္ခရောက်သည့်အချိန်တိုင်းလည်းဝင်ေရာက်ကူညီပေးခဲ့တာမလို့ဇာတ်လိုက်မကဇာတ်လိုက်ကိုသတိထားမိသွားခဲ့သည်။
ဇာတ်လိုက်ကတော်ဝင်မင်းသားတစ်ပါးဆိုတာမသိသည့်ဇာတ်လိုက်မကသူတစ်ပါးအပေါ်ကျေးဇူးကြွေးတင်မခံချင်တာမလို့ဇာတ်လိုက်အကူအညီလိုအပ်သည့်အချိန်တိုင်းသူမကိုရှာဖွေနိုင်ကြောင်းနဲ့သူမတက်စွမ်းသေလာက်ကူညီေပးမည်ဖြစ်
ေကြာင်းကတိပေးခဲ့သည်။
