arc-8:6ရွိုက်ခါ

1.6K 66 0
                                        

<Unicode>

*လီယွန်လက်စားမချေချင်ဘူးလား?*

ရွိုက်ခါကလီယွန်ပြောပြတာတွေသေချာနားထောင်ပေးကာစက္ကန့်ပိုင်းမျှတိတ်ဆိတ်နေပြီးနောက်ပြောလိုက်သည်။

*ဟင်အင်း...လက်စားမချေချင်ဘူး..ကျွန်တော်ကြောင့်သူတို့တွေစိတ်အနှောက်အယှက်ဖြစ်ရလိမ့်မယ်ဆရီနာကကျွန်တော်ကိုရှိမနေစေချင်လို့အခုလိုလုပ်တာလေအဲ့ဒါကိုသူတို့‌ဆီပြန်သွားရင်သူလုပ်ခဲ့သမျှအလဟသတ်ဖြစ်ကုန်မှာပေါ့*

*ဟင်း....အဲ့လောက်ထိသူတို့အပေါ်လိုက်မတွေးပေးနဲ့လီယွန်...ကိုယ့်အတွက်ကိုယ်တွေးပေးအုံး...လီယွန်ခံစားခဲ့ရတာတွေကို‌တွေးကြည့်လိုက်...သူမင်းအပေါ်ကောင်းခဲ့တာတစ်ခုမှမရှိဘူးလေ...အရမ်းဖြူစင်ပြနေလို့မရဘူးလီယွန်ရဲ့....ကိုယ်ကဖြူစင်ပြလေကိုယ့်ကိုနင်းချပြီးအမြင့်‌ရောက်ချင်တဲ့သူကပိုပေါးလေပဲ....*

*.......*

ရွိုက်ခါစကားကြောင့်လီယွန်မျက်နှာက‌ေတွခနဲဖြစ်သွားကာသူလုပ်နေတာတွေမှန်ရဲ့လားဟုကိုယ့်ကိုကိုယ်ပြန်စမ်းစစ်‌ေနမိသည်။
ဆရီနာနဲ့ဗယ်လန်တီနိုကသူ့အပေါ်အပေါ်ယံသာကောင်းပြခဲ့ပြီးသူတို့လုပ်ခဲ့တဲ့အရာတွေကသူ့အတွက်မကောင်းသည့်လမ်းကိုဦးတည်နေခဲ့တာချည်းသာ

ရွိုက်ခါပြောတာမှန်သည်သူကဘယ်တော့မှသူ့ကိုယ်သူအတွက်မကြည့်ခဲ့ပေ
အရာရာတိုင်းမှာကိုယ့်ကိုကိုယ်ဘေးဖယ်ကာသူတစ်ပါးအတွက်ထည့်တွေးပေးနေခဲ့တာချည်ပင်

လီယွန်ရဲ့မျက်နှာအမူအယာကိုတွေ‌ေနရတဲ့ရွိုက်ခါကဆက်ပြောလာသည်။
*အကယ်၍လီယွန်သာတစ်ခါလောက်ပဲဖြစ်ဖြစ်ကိုယ့်အတွက်ကိုယ်တွေးပြီးတော့ကိုယ့်အပေါ်မကောင်းကြံခဲ့သမျှကိုတစ်ခါလောက်လေးကိုယ့်စိတ်ကိုအလိုလိုက်ပြီးကလဲ့စာချေကြည့်ပါလား....အကယ်၍လီယွန်သာစိတ်ပြောင်းသွားရင်ကျန်တာတွေဘာမှစိတ်မပူနဲ့ကိုယ်ကူညီပေးနိုင်တယ်*

*ဒါဆိုအကိုရွိုက်ခါကကျွန်တော့်ကိုကူညီပေးမှာပေါ့နော်...*

*အွန်း....ကိုယ်တက်နိုင်တာမှန်သမျှကူညီပေးမယ်*

*ကောင်းပြီ...ဒါဆိုကျွန်တော်ဆရီနာနဲ့ဗယ်လန်တီနိုကိုကလဲ့စာချေချင်တယ်*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now