arc-6:11ရှလန်စစ်

917 41 0
                                    

<Unicode>

ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့သူတွေမှာအဝေးသို့လွင့်ထွက်သွားကြကာလူပုံစံပြန်ဖြစ်သွားကာနံရံတွေနဲ့တိုက်မိကာသွေးအန်ထုပ်လိုက်ကြကာသတိလစ်သွားကြသည်။
ချန်ဇီယွမ်ကတဖက်ကသူ့ပြိုင်ဘက်ကအလွန်အားကြီးသည်ဆိုတာသိတာမလို့သူ့ရဲ့စွမ်းအားတွေအကုန်သုံးကာတိုက်ခိုက်တော့သည်။

လန်စစ်ကသူ့ရဲ့မူလပုံစံပြောင်းပြီးသွားပြီဖြစ်ကာချန်ဇီယွမ်ကလည်းလူပုံစံပြောင်းပြီးသွားပြီဖြစ်သည်။
အနက်ရောင်စွမ်းအားလှိုင်းတွေနဲရွှေရောင်စွမ်းအားတွေကထိတ်တိုက်တွေ့မိသွားကြကာအလယ်မှာရုန်းကန်တိုက်ခိုက်နေသည်။

ဒါပေမယ့်လန်စစ်ရဲ့စွမ်းအား‌တွေကရွှေရောင်စွမ်အင်တွေကိုဖြည်းဖြည်းချင်းစီတိုက်စားသွားကာနောက်ဆုံးဝါးမျိုလိုက်ပြီးဇာတ်လိုက်ဆီပြေးနောက်ဆုံးဝါးမျိုလိုက်ပြီးဇာတ်လိုက်ဆီပြေးဝင်သွားသည်။

*မဖြစ်ဘူး!...ရှင်းအာ!*

ချန်ဇီယွမ်ဆီ‌ကျရောက်လာတဲ့စွမ်းအားတွေကိုစုရှင်းရှင်းကကြားဝင်ခံလိုက်တာမလို့အနောက်သို့လွင့်ထွက်သွားပြီးချန်ဇီယွမ်ကအမြန်ဖမ်းယူလိုက်ကာထွေးဖက်လို့နာကျင်နေသည့်မျက်လုံးများနဲ့ချန်ဇီယွမ်ကစုရှင်းရှင်းကိုစိုးရိန်စွာကြည့်လာသည်။

*လန်အာ..တော်တော့...ထပ်မတိုက်ခိုက်နဲ့တော့!
ရှစ်စွင်းစကားနားထောင်!*

အကာအရံထဲကနေအော်လာတဲ့ရှစ်စွင်းကြောင့်ရှလန်စစ်ကစွမ်းအားတွေကိုသိမ်းဆည်းလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ်ထိုလူတွေဒဏ်ရာရသွားပြီဖြစ်လို့သူတို့နောက်ခံကလူတွေကသူ့ကိုပြစ်မှတ်ထားလာတော့မှာဖြစ်သည်။

အဲ့တော့သူ့အလုပ်ပြီးပြီး...ဇာတ်လိုက်ကသူ့ကိုထပ်လာရှုပ်ရင်တော့သာမာန်လူဖြစ်ရတဲ့ဒုက္ခကိုခံစားရနိုင်အောင်လုပ်ပေးရမှာပေါ့
ရေကန်အလယ်ကသက်တံကြာပန်းကိုဂရုတစိုက်ခူးယူလိုက်ကာသိုလှောင်လက်စွမ်ထဲထည့်လိုက်သည်။
ပြီး‌ေတာ့မီးလျှံကြာပန်းကိုကြည့်ကာစိတ်ဆိုးနေတဲ့သူ့ရှစ်စွင်းမျက်နှာလေးကိုမြင်ယောင်လာကာကြာပန်းပေးကာချော့ရမည်ဟုတွေးကာမီးလျှံကြာပန်းတွေတစ်ပွင့်ချင်းစီခူးယူလိုက်ကာအနက်ရောင်မီးလျှံတွေကသူ့ရှစ်စွင်းကိုထိခိုက်နိုင်တာမလို့ထိုမီးတောင်တွေကိုသန့်စင်လိုက်ကာအကုန်လုံးကိုစုစည်းလိုက်ကာယူလာခဲ့လိုက်ပြီးသူ့ရှစ်စွင်းဆီအမြန်ပြန်လာခဲ့လိုက်သည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now