arc-1:7‌ေရှာင်းကျန့်end

4.1K 170 0
                                        

<Unicode>

အစိမ်းရောင်စွမ်းအင်တွေကရိပေါ်ရဲ့ခန္တာကိုယ်ပတ်ပတ်လည်မှာပေါ်လာကာသစ်ပင်မပေါက်ရောက်နိုင်သည့်မီး‌ပင်လယ်ကြီးထဲကနေစွမ်းအားပြည့်ဝနေသည့်နွယ်ပင်ရှည်တွေကဆူးများခြံရံကာထွက်ပေါ်လာပြီးကျူးကျော်ဝင်ရောက်တိုက်ခိုက်သူကြောင့်အုပ်အော်သောင်နင်ဖြစ်ကာပြန်လည်တိုက်ခိုက်ရန်ပြင်နေသည့်နတ်ဆိုးတချို့ကိုရစ်ပတ်ကာသွေးမှုန်စတွေအဖြစ်ပြောင်းလဲပေးသွားလေသည်။

သူ့ထက်တောင်တက်ကြွနေသည့်ကောင်ကလေးကိုကြည့်ကာရှောင်းကျန့်‌သဘောတကျခေါင်းညိမ့်လိုက်သည်။
ဒါမှသူ့လက်တွဲဖော်ပီသတာ
ဟမ့်....ဟိုစပ်စလူးနတ်ဘုရာမတွေကတော့အမြဲတဆေဆူညံပွတ်လောရိုက်နေကာနားညီးအောင်လုပ်လွန်းတဲ့အပြင်ထစ်ခနဲရှိစိတ်ဆိုးစိတ်ကောင်နေတဲ့ဟာမတွေကသူ့စိတ်ဝင်စားမှုနဲ့တောင်မတန်ဘူး

ရှောင်းကျန့်ရဲ့ခန္တာကိုယ်ပတ်လည်မှာနတ်ဆိုးစွမ်းအားတွေကပြင်းထန်လာကာရိပေါ်နောက်ကနေလိုက်ပြီးရိပေါ်ကိုအလစ်ဝင်တိုက်ခိုက်သူတွေကိုနတ်ဆိုးစွမ်းအားဖြင့်ပင်အညှာအတာမဲ့စွာသတ်ဖြတ်ပစ်နေသည်
ရိပေါ်ကတော့နတ်ဆိုးမျိုးနွယ်စုနဲ့ရန်ငြိုးရှိနေတာသူလားရှောင်းကျန့်လားမသဲကွဲစွာပင်တွေ့သမျှနတ်ဆိုးတွေကိုသတ်ဖြတ်နေသည်။

ထိုအချိန်မှာပဲနတ်ဆိုးတွေရဲ့နယ်မြေကတသိမ့်သိမ့်တုန်ခါလာကာအားကောင်းလွန်းတဲ့နတ်ဆိုးအမှောင်စွမ်းအင်ကအမြင့်မားဆုံးအဆောက်အဦးထဲကနေထွက်ပေါ်လာကာရိပေါ်ဆီတည့်တည့်တိုးဝင်လာတာမလို့ရှောင်းကျန့်ရဲ့ရွှင်မြူးနေတဲ့မျက်နှာကတည်‌တံ့သွားကာမျက်ခုံးနှစ်ဖက်ကအလယ်သို့ထိစပ်သွားကာရိပေါ်ရဲ့ခန္တာကိုယ်ကိုရင်ခွင်ထဲဆွဲဖက်လိုက်ကာထိုစွမ်းအားတွေကိုတချက်ကြည့်လိုက်ကာသူ့အဖေရဲ့အငွေ့အသက်တွေပါနေတာမလို့ဟက်ခနဲရယ်လိုက်သည်။

သွေးနီရောင်တောက်အကာအရံလွှာကသူတို့နှစ်ယောက်အပေါ်အုပ်မိုးလို့လာကာအဆုံးမဲ့စွမ်းအားတွေကထိုအကာအရံကိုထိမိသည်နှင့်လေထုထဲမှာတင်ပျောက်ကွယ်သွားလေသည်။

*ဘယ်သူလဲကွ!!!.....ငါ့ပိုင်နက်ထဲလာပြီးဘယ်သူလာသောင်းကြမ်းဝံ့တာလဲ....*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now