<Unicode>
တောဖြစ်တဲ့အလျောက်သိပ်မဖွံ့ဖြိုးသေးတာမလို့နေရာတိုင်းကအရှင်းကြီးပဲမဟုတ်ပဲတချို့နေရာတွေကတောတွေဖြစ်နေသေးသည်။
အဘွားလေးတို့အိမ်ကရွာအပြင်ဘက်မှာတသီးတသန့်ဆောက်ထားပြီးအနည်းငယ်တောဘက်လည်းရောက်သည်။
ထိုကြောင့်အုပ်ဆိုင်းဖောက်ထားတဲ့လမ်းကနေတဆင့်ဝူဝရီးနှစ်ယောက်ပြန်လာခဲ့လိုက်သည်။
*ရပ်စမ်း!*
ဘုန်း...
*မင်းမေလင်တွေကဒီဘက်မှာဟ!*
ပုဆိုးတွေနဲ့မျက်နှာဖုံးထားတဲ့လူတစ်စုကသစ်ပင်ပေါ်ကနေခုန်ဆင်းလာကာနေရာမှားကာတဘက်ခြမ်းသို့မျက်နှာလှည့်ကာရပ်ရန်အားရပါးရအော်လာတဲ့တစ်ယောက်ကိုသူနဲ့အတူပါလာတဲ့မျက်နှာဖုံးစွပ်နဲ့လူကနာရင်းပိတ်အုပ်ကာပြောလိုက်သည်။
*အော်...အေဘက်မှားသွားတာ...မင်းတို့တွေရှိတာအကုန်ထုပ်!*
*ကျွန်တော်တို့ဆီမှာဘာမှမပါဘူးခင်ဗျားတို့ကဘယ်သူတွေလဲ?*
*ငါက...*
ဘုန်း...!
*မင်းမေမလို့မိတ်ဆက်ေနတာလား!..ထောင်ထဲရောက်ချင်နေတယ်*
ထိုဓားပြေတွရဲ့ပုံစံကိုကြည့်ကာခရာမှာကြောက်ရမလိုလိုရယ်ရမလိုလိုနဲ့ပင်ဖြစ်သွားရသည်။
*နေနေ..မင်းဆက်မပြောနဲ့ငါပြောမယ်...ဟိုကောင်လေးမင်းမှာဘာမှမပါတဲ့အတွက်မင်းကိုငါဖမ်းလိုက်ပြီး...*
*ဟင်!...ဘာလို့ကျွန်တော့်ကိုဖမ်းမှာလဲ!*
*လျှာမရှည်နဲ့ဟိုကောင်တွေသူ့ကိုသွားဖမ်းလိုက်*
*ခင်ဗျားတို့ကျွန်တော့်ကိုလွှတ်ပေး...လွှတ်လို့!*
ခရာသူ့ကိုဖမ်းထားတဲ့သူတွေလကဲကနေရုန်းကန်သော်လည်းခလေးမွေးဖွားနိုင်တဲ့အမျုးသားဖြစ်တဲ့သူကအားနည်းလွန်းတာမလို့ဘယ်လိုမှမလွတ်မြောက်ပေ....
*ဦးငယ်...ဦးငယ်ကိုလွှတ်ပေး...ဦးငယ်ကိုလွှတ်ပေးလို့*
နွေဦးလေးကသူ့ဦးငယ်ကိုဖမ်းလိုက်တာတွေ့တော့လန့်သွားကာထိုဓားပြတွေကိုထုရိုက်ကာလွှတ်ပေးခိုင်းလာတာကြောင့်ဓားပြကခလေးကိုစိတ်မရှည်စွာတွန်းထုပ်လိုက်ကာ...
