<Unicode>
လျန်ရှင်းနဲ့စုထုံအရှင်အဆောင်တော်ဆီလာတဲ့လမ်းတစ်လျှောက်မှာအပျိုတော်တွေနဲ့အစေခံငယ်လေးတွေမှာသူတို့ကိုလှောင်ပြောင်သရော်စွာကြည့်လို့တီးတိုးတဖုံကျယ်ကျယ်တမျိုးနဲ့မကြားကြားအောင်ပြောနေကြသော်လည်းပြဿနာမဖြစ်ချင်၍သည်းခံဖို့ကိုသာရွေးချယ်ကာမသိချင်ယောင်ဆောင်ကာသာဖြတ်ကျော်လာရသည်။
ဒီကြားထဲစိတ်ဆိုးသွားသည့်စုထုံကထိုမိန်းခလေးတွေနဲ့သွားရှင်းရန်လုပ်တာမလို့လျန်ရှင်းမှာမနည်းဆွဲးခေါ်ကာဖြောင့်ဖြပေးလိုက်ရသေးသည်။
အရှင်အဆောင်တော်ကိုရောက်တော့လျှိုကုန်းကုန်းကသူ့ရဲ့စူးရှတဲ့အသံကိုအသုံးပြုကာအဆောင်ထဲက
အရှင်တို့ကိုပြောပြတာကိုစောင့်ဆိုင်းလိုက်ရသေးသည်။*ကိုယ်လုပ်တော်လျန်ရောက်ရှိလာပါတယ်*
လျှိုကုန်းကုန်းရဲ့စူးရှကာစိတ်အနှောက်အယှက်ဖြစ်ဖွယ်အသံကျယ်ကြီးကြောင့်ရှောင်းကျန့်မှာစိတ်အနှောက်အယှက်ဖြစ်စွာမျက်မှောင်ကြုံ့လိုက်သည်။
ဒီကြားထဲနဘေးကသူ့မိဖုရားတွေဆိုတဲ့မိန်းခလေးတွေနဲ့ကောဆိုသည့်အမျိုးသားတွေရဲ့အားပြိုင်နေမှုကသူ့ကိုပိုလို့စိတ်အနှောက်အယှက်ဖြစ်စေသည်။
အကုန်လုံးကစကားနာထိုးရင်ထိုးမထိုးရင်သူ့ကိုဝိုင်းပြီးအပြိုင်ဂရုစိုက်ပြနေတာမလို့အော်ထုပ်ချင်စိတ်ကိုမနည်းမျိုသိပ်ထားရသည်။
ဒါပေမယ့်လည်းသူ့အတွက်အရေးကြီးအချက်အလက်တချို့ကိုတော့ရရှိခဲ့ပါသည်။
မူလပိုင်ရှင်ရဲ့နာမည်ကဖန်စုံရှင်းဖြစ်ကာဖန်နိုင်ငံရဲ့အသက်အငယ်ဆံုးဘုရင်တစ်ပါးအဖြစ်နန်းတက်ခဲ့သည်။ဖန်တိုင်းပြည်ကအလွန်စည်ပင်သာယာဝပြောကာအထွက်နှုန်းအားအလွန်ကောင်းပြီးအိမ်နီးချင်းနိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့ထားနိုင်ခဲ့ကာနှစ်တစ်ရာတိုင်စစ်မတ်ဖြစ်ပွားခြင်းမရှိခဲ့ပေ
အခုတော့နိုင်ငံရဲ့နယ်စပ်တွေစစ်တပ်ကသိပ်မကာကွယ်ထားနိုင်တဲ့ကျေးရွာတွေဘက်မှာသူပုန်တွေထကြွကာနိုင်ငံကအနည်းငယ်ဖရိုဖရဲဖြစ်လာသည်။
ထိုအရာကလည်းမူလပိုင်ရှင်ရဲ့နန်းတက်မှုကြောင့်ဖြစ်ပွားလာတာတွေပင်ဖြစ်သည်။
YOU ARE READING
systemထဲးမှာအပန်းဖြေမယ်
Fiksi Penggemar#Zhanyi #xiaowang #xiaozhan #wangyibo #myanmar