<Unicode>
*ထားပါ...အခေါ်အဝေါ်တွေကအရေးမကြီးပါဘူးလေ...အခုမိန်လွီရောက်လာတာကအေဒါ်သမက်လောင်းလေးတွေရဲ့ကောင်းကြောင်းကိုဖော်ပြမလို့ပါ.....အဟင်း*
ဘေးပတ်ဝန်းကျင်ကလူတွေကသူတို့စကားဝိုင်းကိုအာရုံစိုက်လာတာမလို့ချန်ကျောက်ကျိုးကကြားထဲကဝင်ပြောလိုက်သည်။
*မားဆိုင်တစ်ဆိုင်မှာစကားပြောကြတာပေါ့...*
*ကောင်းပြီသမီးမိန်လွီဟန်...သမီးကြိုက်တဲ့နေရာရွေးလိုက်ပါအဒေါ်ခဏတော့အချိန်ပေးနိုင်ကောင်းပါရဲ့*
မိန်လွီဟန်ကချန်မားရဲ့စကားကြောင့်အံကြိတ်ကာလက်သီးဆုပ်လိုကိပြီးလင်အမွှာညီအကိုနှစ်ယောက်ကိုစူးရဲစွာစိုက်ကြည့်လိုက်သည်။
မိန်လွီဟန်ကရှေ့ကနေဦးဆောင်သွားကာဆိုင်တဆိုင်ဝင်လိုက်သည်။
ချန်ကျောက်ကျိုးကပင်ဦးဆောင်ကာဆိုင်ရဲ့ထောင်ကဝိုင်းကိုသွားလိုက်ပြီးချန်မားနဲ့သူ့ပေါင်ပေ့ထိုင်နိုင်အောင်ခုံကိုဆွဲထုပ်ကာထိုင်စေလိုက်ပြီးသူကိုယ်တိုင်လည်းဝင်ထိုင်လိုက်သည်။
ချန်ကျောက်ကျိုးကသူမအတွက်ထိုင်ခုံကိုဆွဲထုပ်ပေးမယ်ထင်ကာစောင့်နေသောမိန်လွီဟန်မှာထိုအရာကမျက်နှာဖြတ်ရိုက်သလိုခံစားလိုက်ရပြီးရှက်သွားကာလက်သီးဆုပ်လို့အောက်နှခမ်းကိုပြင်းထန်စွာကိုက်လိုက်ပြီးကအောက်နှခမ်းကိုပြင်းထန်စွာကိုက်လိုက်ပြီးကုယ့်ဘာသာထိုင်လိုက်သည်။
စကားဝိုင်းမစခင်စာပွဲးထိုးလေးကရောက်လာတာမလို့ချန်ကျောက်ကျိုးကပင်အားလုံးအတွက်မှာလိုက်ကာသက်တော်စောင်တွေကိုလည်းကြိုက်ရာမှာစားဖို့သတိပေးလိုက်သည်။
*ကဲ...သမီးမိန်လွီဟန်ပြောစရာရှိတယ်ဆိုပြောလေ*
*ကောင်းပြီ...ဒီမှာဒါ
လေးကိုအရင်ကြည့်စေချင်တယ်*
မိန်လွီဟန်ကစာရွက်တစ်ရွက်ကိုထုပ်ယူကာပေးလာတာမလို့ချန်မားကယူကာဖတ်ကြည့်လိုက်သည်
ထိုစာရွက်ကိုဖတ်ပြီးနောက်ချန်မားရဲ့မျက်နှာကမယုံကြည်နိုင်မှုတွေအံ့ဩမှုတွေနဲ့ပြည့်နှက်လာကာလက်ထဲကစာရွက်ကအောက်ကိုကျသွားသည်။
