arc-3:5ကျင်းချွမ်လု

2.4K 108 0
                                        

<Unicode>

*ချန်ဝူကကျုပ်ဆီမှာပဲ...ခင်ဗျားတို့ကချန်ဝူကိုပိုင်ပဲပိုင်တော့တာမဆိုင်တော့ဘူး*

*မင်းကဘယ်ကကောင်လဲကွ!!....မင်းကိုယ်မင်းဘယ်သူထင်နေလဲ*

*ကျုပ်ဘယ်သူဖြစ်ဖြစ်ခင်ဗျားနဲ့မဆိုင်ဘူး....အရေးကြီးတာကချန်ဝူကအခုကျုပ်ခင်ပွန်းဖြစ်နေပြီးဒါကြောင့်နောက်တစ်ခါချန်ဝူကိုအော်နေတာမျိုးဆိုကျုပ်သည်းခံမှာမဟုတ်ဘူး...*

*ဘာကွ!!!....ကျိုးချန်ဝူမင်းဘာတွေလျှောက်.....*

T.....
ချွမ်လုဖုန်းချလိုက်ကာသူ့အချစ်လေးကိုကမ်းပေးလိုက်ကာပြူးကြောင်ကြောင်လေးကြည့်နေသူလေးကိုအသည်းယားလာရပြန်ကာခန္တာကိုယ်သေး‌ေသးလေးကိုသူ့ပေါင်ပေါ်ဆွဲချလိုက်ကာထိုင်စေလိုက်ပြီးခါးသိမ်သိမ်လေးတွေကိုပွေ့ဖက်ထားလိုက်သည်။

*ကိုယ်ပြောမယ်သည်းညှာ...သည်းညှာကအခုကစပြီးကိုယ့်ရဲ့ဇနီးပဲသည်းညှာဘယ်သူ့ကိုမှသည်းခံစရာမလိုဘူးကိုယ်ဆိုရင်တောင်ပေါ့....သည်းညှာစိတ်တိုင်းကျနေထိုင်နိုင်တယ်.....သည်းညှာအတွက်လိုအပ်တာတွေကိုယ်ဝယ်ပေးမယ်.....သည်းညှာလက်ရှိလုပ်နေတဲ့ကျိုးgpကထွက်လိုက်သည်းညှာကိုကျင်းgpကသည်းညှာစိတ်တိုင်းကျနေရာမှာအလုပ်ခန့်ပေးမယ်*

ချန်ဝူတစ်ခါမှထိုသို့နူညံ့ညင်သာစွာဆက်ဆံခံရဖူးခြင်းမရှိသည့်အပြင်ထိုစကားမျိုးကိုလည်းတစ်ခါမှကြားဖူးခဲ့ခြင်းမျိုးမရှိတာကြောင့်ရင်ခုန်သံတွေမြန်လာရကာတောင့်တင်း‌ခန္တာကိုယ်ကလည်းအလိုအလျောက်ပျော့နောက်လူဆီမှီတွယ်ပြီးသားဖြစ်သွားကာခေါင်းလေးတချက်ခါပြကာ.....

*ကျန်တာတွေကိုကျွန်တော်လက်ခံပါတယ်...ဒါပေမယ့်အလုပ်ကအခြေခံကနေပဲစလုပ်ချင်တယ်
နောက်ပေါက်ကဝင်တာမျိုးမဖြစ်ချင်ဘူးအလုပ်သင်နေရာကနေပဲစတင်ချင်တယ်*

*ဟုတ်ပါပြီးသည်းညှာသဘောပါ....*

*လူကြီးကဘာလို့ကျွန်တော်နဲ့လက်ထပ်ချင်ရတာလဲ....ပြောရမယ်ဆိုကျွန်တော်ကြောင့်လူကြီးအခုလိုဖြစ်သွားရတာလေ....*

စိတ်မ‌ေကာင်းဖြစ်စွာခေါင်းလေးငုံ့ကာတီးတိုးပြောလာသူလေးကြောင့်ချွမ်လုကတစွန်းတစထွက်ပေါ်နေတဲ့ပါးဖောင်းကြီးတွေကိုနမ်းလိုက်ကာ....
*အဟွန်း....ကိုယ်ကသည်းညှာကိုချစ်မိသွားလို့ပေါ့သည်းညှာရဲ့...ကိုယ်ချစ်ရတဲ့သူကိုဒုက္ခပြန်ပေးရအောင်ကိုယ်ကသံမဏိလူသားကြီးမဟုတ်ဘူးလေ*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now