<Unicode>
*ဟုတ်တယ်မရှိဘူးဒါပေမယ့်မင်းရဲ့နတ်ဆိုးသွေးနဲ့နတ်ဆိုးစွမ်းအားကိုချုပ်နှောင်ဖို့အတွက်လေ*
*ရှစ်စွင်းသိနေခဲ့တာလား*
*သိတာပေါ့...နောက်ပြီးအဲ့တစ်ခုထဲမဟုတ်ဘူး....ရှစ်စွင်းရဲ့ဒဏ်ရာကိုကုသဖို့ရော.....*
*ဟင်!....ရှစ်စွင်းမှာဒဏ်ရာရနေတာလားဘယ်မှာလဲကျွန်တော်ကိုပြ!*
စိတ်အေးသက်သာစွာစကားပြောနေတဲ့လန်စစ်ကဒဏ်ရာဆိုသည့်အသံကြားသည်နှင့်မျက်နှာပျက်သွားကာစိုးရိန်တကြီးမေးလာတော့သည်။
*မစိုးရိန်ပါနဲ့...*
*မရပါဘူးကျွန်တော့ကိုပြောဘယ်လိုဒဏ်ရာရခဲ့တာလဲ*
ဒေါသထွက်ကာသွေးနီရောင်မျက်လုံးတွေပါဖြစ်လာတဲ့သူ့တပည့်ကိုကြည့်ကာလန်လင်လန့်သွားရပြီးအမြန်နှစ်သိမ့်ပေးလိုက်သည်။*လန်အာ...ဒေါသမထွက်ပါနဲ့...ရှစ်စွင်းအကုန်ပြောပြမယ်နော်...တော့ရှစ်စွင်းဒီဒဏ်ရာကိုတိုက်ပွဲးတစ်ခုကြောင့်ရလာခဲ့တာ...တွေနဲ့နတ်ဆိုးဧကရာဇ်ရယ်ကအကြောင်းတစ်ခုကြောင့်တိုက်ခိုက်ကြတယ်လေ....ဘာလို့ဆိုနတ်ဆိုးဧကရာဇ်ရဲ့သားတော်နဲ့နတ်ဘုရားမဠးကချစ်ကြိုက်ပြီးခလေးပါရသွားလို့တဲ့...ရှစ်စွင်းကလမ်းကြုံနေတော့သူတို့ဘက်ကနေဝိုင်းကူပြီးသူတို့ပြေးနိုင်အောင်ဝင်ကူညီပေးခဲ့ပြီးရှစ်စွင်းကိုယ်တိုင်လည်းဒဏ်ရာအပြင်းအထန်ရသွားခဲ့တာ....အဲ့တုန်းကရှစ်စွင်းအသက်က၆နှစ်ပဲရှိသေးတော့သူတို့ကိုခုခံမတိုက်ခိုက်နိုင်ဘူးလေ...အဲ့ဒီဒဏ်ရာကြောင့်ပဲရှစ်စွင်းရဲ့စွမ်းအားတွေကအတော်ကျဆင်းသွားတယ်အခုထက်ထိစိတ်ဝိဉာဉ်နတ်ဘုရားပံုေဖာ်ခြင်းအဆင့်ကိုမတက်လှမ်းနိုင်သေးဘူး*
*ခဏလေး....ရှစ်စွင်းပြောတဲ့နတ်ဆိုးဧကရာဇ်ရဲ့သားကရှမျိုးရိုးနဲ့လား*
*အွန်းလေ...ဘာဖြစ်လို့လဲ*
*အဲ့ဒါကျွန်တော့်အဖေ...*
*ဟင်....ဒါဆိုလန်အာကနတ်ဘုရားသွေးတစ်ဝက်နတ်ဆိုးသွေးတစ်ဝက်ရောနေတာပေါ့*
မထူးဆန်းတော့ပါဘူး...ဒါကြောင့်လန်အာရဲ့ကြင့်ကြံနှုန်းနဲ့သဘောပေါက်နိုင်စွမ်းကသာမာန်ထိုပိုနေတာကို......
![](https://img.wattpad.com/cover/359979283-288-k668516.jpg)