arc-8:5ရွိုက်ခါ

1K 49 0
                                    

<Unicode>

ဒီတစ်ခါတော့မီးပုံဘေးကတဖဝါးမခွာငါးကင်တွေကိုစောင့်ကြပ်နေလိုက်သည်။
ငါးနှစ်ကောင်လုံးကင်းလို့ပြီးသွားတာမြင်မှလီယွန်စိတ်အခြေအနေပြန်ကောင်းမွန်သွားကာငါးကင်တစ်ခုကိုရွိုက်ခါဆီကမ်းပေးလိုက်သည်။

ရွိုက်ခါကငါးကင်ကိုလှမ်းယူလိုက်ကာဖြည်းညင်းစွာစားလိုက်သည်။
ငါးကင်စားနေရင်းနဲ့မှသူ့ရဲ့စိတ်စွမ်းအားကိုစစ်ဆေးကြည့်လိုက်သည်။
သူ့ဝိဉာဉ်ရဲ့အစားထိုးဝင်ရောက်မှုကြောင့်စိတ်စွမ်းအားအဆင့်ကလည်းသေချာပေါက်မြင့်တက်သွားမှာပင်

သူ့ရဲ့စိတ်စွမ်းအားအဆင့်ကိုကြည့်ကာရွိုက်ခါစိတ်ကျေနပ်စွာပြုံးလိုက်သည်။
သူ့ရဲ့စိတ်စွမ်းအားအဆင့်ကSSSအဆင့်ထိတိုးမြင့်သွားပြီဖြစ်သည်။

တကယ့်ကိုရလဒ်ကောင်းပဲ....
အတွေးလွန်နေတုန်းသူ့ပိုင်ဆိုင်မှုထဲကရုပ်ရည်မြင့်တင်ခြင်းကဒ်ကိုမသုံးရသေးတာကိုသတိရသွားသည်။
စိတ်စွမ်းအားဖြင့်လီယွန်ရဲ့ခန္တာကိုယ်ကိုစစ်ဆေးကြည့်လိုက်တော့အတွင်းဒဏ်ရာအနည်းစုလောက်ကကောင်းနေပြီဆိုပင်မယ့်ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့အတွင်းအင်္ဂါတချို့‌ပြန်လည်ကောင်းမွန်ခြင်းမရှိသေးပဲထိုအရာကစိတ်စွမ်းအားရဲ့ပတ်လည်းကြောင်းကိုသွားရောက်နှောက်ယှက်နေတာမလို့စိတ်စွမ်းအားကိုသိပ်အသုံးပြုနိုင်မှာမဟုတ်ပေ

ရွိုက်ခါရုပ်ရည်မြင့်တင်ခြင်းကဒ်ကိုလီယွန်အပေါ်မှာအသုံးပြုလိုက်သည်။
လီယွန်တစ်ယောက်ငါးကင်စားနေတုန်းခန္တာကိုယ်ကပေါ့ပါးလန်းဆန်းလာကာအတွင်းဒဏ်ရာတွေကဖြည်းညင်းစွာပျောက်ကင်းလာတာမလို့အံ့ဩသင့်မှုကြောင့်မျက်လုံးလေးတွေဝိုင်းစက်သွားသည်။

သူ့အသားအရည်ကလည်းအရင်ကထက်ပိုစိုပြေလာတာကိုတွေ့လိုက်ရကာသူ့စိတ်စွမ်းအားအနည်းငယ်ကိုထုပ်သုံးကြည့်တော့ချောမွေ့စွာပင်အသုံးပြုနိုင်နေတာကိုတွေ့လိုက်ရတာမလို့ပိုလို့အံ့ဩသင့်ကာစိတ်လှုပ်ရှားသွားရသည်။

*လူကြီး!...ဒီငါးတွေကအရမ်းအံ့ဩသင့်ဖို့‌ေကာင်းတာပဲဒီငါးတွေကကျွန်တော်ဒဏ်ရာတွေကိုပျောက်အောင်လုပ်ပေးနိုင်တဲ့အပြင်..အလှအပကိုလည်းပိုတိုးစေနိုင်တယ်အရမ်းအံ့ဩဖို့ကောင်းတာပဲ....နောက်ကျရင်များများလေးဖမ်းသွားရမယ်!*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now