<Unicode>
အချိန်ကိုက်ပင်တခြားအခြေစိုက်စခန်းတွေဖြစ်တဲ့ယွဲ့ဟန်အခြေစိုက်စခန်းနဲ့ရန်ကျင်းအခြေစိုက်စခန်းမော့ဝမ်းအခြေစိုက်စခန်းတွေကလည်းရောက်ရှိလာကာသူတို့ကရှင်းလင်းခံထားရတဲ့သတ္တဝါဆန်းတွေကိုကြည့်ကာအံ့ဩသွားကြပြီးစွမ်းအားရှင်ငတွေကိုကြည့်ကာအံ့ဩသွားကြပြီးစွမ်းအားရှင်ငယ်လေးတွေကိုချီးကျူးစွာကြည့်လိုက်ကြသည်။
ကျိန်းစန်နဲ့တခြားအခြေစိုက်စခန်းခေါင်းဆောင်တွေကအချင်းချင်းနှုတ်ဆက်ကာစုရုံးလိုက်ကြပြီးဆွေးနွေးကာအားလုံးစုံသည်နှင့်သတိကြီးကြီးထားကာဆူးသစ်တောထဲဝင်လာခဲ့လိုက်သည်။
*ကောကော....ကောကော...ညီမကိုကျိန်းသေပေါက်ကာကွယ်ရမယ်!..ညီမလည်းကောကောကိုသေချာကာကွယ်ပေးမှာအချင်းချင်းဂရုစိုက်ကြတာပေါ့..*
သူ့လက်ကိုလာကိုင်ကာဆိုလာသောမိန်းခလေးကိုစိတ်ပျက်စွာကြည့်ကာသူ့လက်မောင်းပေါ်ကလက်တွေကိုဖယ်ရှားလိုက်ကာ....
*ငါကဘာလို့မင်းကိုကာကွယ်ရမှာလဲ...မင်းအဖေပါလာတာမတွေ့ဘူးလားမင်းအဖေကိုကာကွယ်ခိုင်းလေ!....ငါ့ကိုကာကွယ်ဖို့လည်းမလိုဘူး!...*
သူတို့ဘက်ကိုစူးစမ်းကာကြည့်နေကြတဲ့သူတွေကိုမသိချင်ယောင်ဆောင်ကာသူ့အလှလေးအနားသွားကာလက်ကိုင်လိုက်ကာမိုးကြိုးဓားသွားတစ်ခုကိုဖန်တီးကာဆူးပင်တွေကိုခုတ်ဖြတ်ကာလမ်းရှင်းလိုက်သည်။
*ငါနဲ့ပူးပေါင်းမလား?*
ကျိန်းရှလုနောက်ကျေားကိုသာငေးကြည့်နေတဲ့ချန်ဇီဟွားအနားကပ်ကာလေသံတိုးနဲ့မေးလိုက်သည်။
*နင်ကဘယ်သူလဲ?*အမေးကိုအမေးနဲ့ပြန်ဖြေလာတာမလို့ခပ်ဟဟရယ်ကာ...
*ငါက....အင်း ..ငါနာမည်ကချန်ချန်နင်ငါနဲ့ပူးပေါင်းမယ်ဆိုရင်သူ့ကိုနင်ရအောင်ငါကူညီနိုင်တယ်*
*ကောင်းပြီးနင့်ကတိနင်တည်ပါစေငါနင်နဲ့ပူးပေါင်းဖို့ဆန္ဒရှိတယ်*
*ok နင်ကဉာဏ်ပြေးသားပဲ*
*ဟမ့်....*
ချန်ဇီဟွားကနှာမှုတ်လိုက်ကာမျိုးတူယောကျာ်တစ်ယောက်ကိုတန်ဖိုးထားကာလက်ဆွဲးကာခေါ်ဆောင်သွားတဲ့သူမချစ်ရသူကိုငေးကြည့်လိုက်သည်။
မျက်ဝန်းတို့ကလည်းပြတ်သားမှုတွေနဲ့ပြည့်နှက်နေသည်။