<Unicode>
ရှောင်းကျန့်ကိုက်ခဲနေတဲ့ခေါင်းကိုအသာထိန်းကိုင်ကာသူ့အိပ်နေတဲ့ကုတင်ပေါ်ကနေထထိုင်လိုက်ကာကုတင်နောက်မှီးကိုမှီလို့သူ့ရောက်နေတဲ့အိမ်ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
သူရောက်နေတာကအိပ်ခန်းတစ်ခုထဲမှာဖြစ်ပြီးအိမ်ပုံစံကရေနံချေးတွေဝနေတဲ့နှစ်ထပ်ပျင်ထောင်အိမ်ပုံစံဖြစ်ပြီးအခန်းထဲမှာသူအိပ်နေတဲ့ကျွန်းကုတင်တစ်ခုနဲ့ဗီရိုတစ်ခုရယ်စာအုပ်စင်တစ်ခုနဲ့စာရေးစာပွဲးရယ်တခြားပစ္စည်းတွေကိုနေရာတကျသန့်ရှင်းသပ်ရပ်စွာထည့်ထားသည်။
ပုံစံအပြင်အဆင်ကိုကြည့်ရုံနဲ့တရုတ်နိုင်ငံရောက်လာတာမဟုတ်မှန်းသိနိုင်သည်။
"ဇာတ်ကြောင်းလွှဲးပေးလိုက်ပါပြီးhost"အလုံးအရင်းဝင်ရောက်လာတဲ့ဇာတ်ကြောင်းတွေကြောင့်ကိုက်နေတဲ့ခေါင်းကမူးဝေသွားရကာနာထင်ကြောတွေကိုနိုပ်နယ်နေလိုက်သည်။
ထိုတော့မှသူ့ခေါင်းမှာပတ်တီးစီးထားမှန်းသတိထားမိလိုက်သည်။ကြည့်ရတာမူလပိုင်ရှင်ကတစ်ခုခုကြောင့်ခေါင်းထိထားပုံပင်
"ရပြီးအစိမ်းလုံးဒီကမ္ဘာအတွက်လိုအပ်တာရှိမှငါခေါ်လိုက်မယ်မင်းကြိုက်တဲ့နေရာသွားလို့ရပြီး""အဲ့လယ်....ဇွတ်သဘောကောင်းနေပါလားhostဒါဆိုသွားပြီးနော့လိုတာရှိခေါ်လိုက်ဘိုင့်"
နှစ်ခါမပြောရသည့်အစိမ်းလုံးကချက်ချင်းကိုစကားတွေတရစက်စစ်သေနတ်ပစ်သလိုပြောသွားကာလိုင်းoutသွားတဲ့အစိမ်းလုံးကြောင့်ရှောင်းကျန့်ခေါင်းခါလိုက်ကာဇာတ်ကြောင်းဖတ်ရန်ပြင်လိုက်သည်။
သူများအကြိုဆောင်ကိုယ့်အကျိုးအောင်ပေါ့ဟုတ်တယ်မှတ်လား?
ဒီကမ္ဘာရဲ့ဇာတ်လိုက်ကလျှံပြည့်စုံဖြစ်ကာသူကြီးသားတစ်ယောက်ဖြစ်သည်။
ဇာတ်လိုက်မကတော့ရွာရဲ့ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်ရွာရဲ့အလှလေးရှင်းသန့်နေခြည်ဖြစ်သည်။ရှင်းသန့်နေခြည်မှာမဏ္ဏိသက္ကနဲ့ငယ်သူငယ်ချင်းတွေဖြစ်ကာမဏ္ဏိသက္ကကသူမကိုကြိုက်နေခဲ့ကာလူပျိုဖော်ဝင်လာပြီးနောက်သူမကိုစတင်ပိုးပန်းခဲ့သည်။
ရွာရဲ့အလှလေးဖြစ်တဲ့ဇာတ်လိုက်မကိုစိတ်ဝင်စားတဲ့သူကအလွန်များကာဇာတ်လိုက်ကလည်းထိုထဲကတစ်ယောက်ပင်ဖြစ်သည်။
![](https://img.wattpad.com/cover/359979283-288-k668516.jpg)