<Unicode>
*မင်းပထမဆုံးတိုင်ကိုမလာတဲ့ရက်မှာမေ့ရှင်းကလည်းပျောက်သွားခဲ့တာသူ့အိမ်မှာပဲပျောက်သွားတာရဲတွေပြောတဲ့စကားအရဆိုသူကတစ်ယောက်ယောက်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာတဲ့...မင်းကပါပျောက်သွားတော့ငါတို့ကတအားစိတ်ပူနေကြတာ*
*ကျွန်တော်အဆင်ပြေပါတယ်ရှန်ကော...ကျန်တဲ့သူတွေကိုပါတချက်လောက်ပြောပြလိုက်ပါအုံး...ဒီမှာကိစ္စတွေအားလုံးပြီးမှပြန်လာခဲ့မယ်*
*အေးအေးဟုတ်ပြီ...ကိုယ့်ကိုကိုယ်ဂရုစိုက်အုံး*
*ဟုတ်ကဲ့ပါရှန်ကော*
ရှန်ကောဆီကဖုန်းချသွားသည်နှင့်အွန်းလိုင်းပေါ်ကနေလက်လက်ဆက်ဆက်အသီးအရွက်တွေနဲ့အသားတွေကိုမှာလိုက်သည်။
နာရီဝက်အကြာမှာပစ္စည်းပို့သမားကရောက်လာကာပစ္စည်းလက်ခံရရှိကြောင်းလက်မှတ်ထိုးပြီးတာနဲ့ချက်ပြုတ်တော့သည်။အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသည်နှင့်နောက်တစ်ခေါက်ရေချိုးလိုက်ကာကုတင်ပေါ်ကခလေးနှစ်ယောက်ထံချဉ်းကပ်သွားလိုက်သည်။
၁၇နှစ်သာရှိကြသေးတဲ့အမွှာလေးနှစ်ယောက်ကသူ့ထက်၅နှစ်တောင်ငယ်သည်။*ကျစ်အာ....ဟန်အာ....ထတော့နော်...ကိုယ်တို့ညစာစားကြရမယ်လေ...ပြီးမှအိပ်*
*ဟင့်....အင့်....၅မိနစ်လောက်ပေးအိပ်ပါ....*
"အင့် .....မထချင်သေးဘူး .....အိပ်ချင်တယ်"
ဗလုံးဗထွေးနဲ့အိပ်ချင်မူးတူပြောလာကာပြန်အိပ်သွားကြတဲ့ခလေးတွေကြောင့်ချန်ကျောက်ကျိုးဆက်မနိုးတော့ပဲအောက်ထပ်ဆင်းကာတစ်ယောက်ထဲညစာစားလိုက်တော့သည်။
အခန်းထဲကချန်ကျောက်ကျိုးထွက်သွားသည်နှင့်မှိတ်ထားခဲ့သည့်မျက်ဝန်းနှစ်စုံကပွင့်ဟလာကာတစ်ယောက်ကိုတစ်ယောက်ရှုပ်ထွေးစွာကြည့်လိုက်သည်။
*ရုံရုံသူပြောတာအမှန်တွေလိုထင်လား*"ဟင်း....အဲ့တာတော့မသိဘူးလူကြီးရဲ့အပြုအမူတွေကလိမ်နေတယ်လို့တော့မထင်ဘူး...နောက်ပြီးလူကြီးသာထွက်ပြေးမယ်ဆိုခုဏကအချိန်ကောင်းပဲလေသူထွက်မပြေသွားခဲ့ဘူး....သူဖုန်းပြောတုန်းကလည်းငါတို့အတွက်ညာပေးခဲ့တယ်"