<Unicode>
*ဘယ်လိုလဲ?...ပေါင်ပေ့တို့ကကိုယ့်ရဲ့ချစ်သူဖြစ်ဖို့ဆန္ဒရှိလား?*
*နှစ်....နှစ်ယောက်လုံးလားဟင်*
မျှော်လင်ချက်တွေပြည့်နှက်နေတဲ့မျက်ဝန်းတောက်တောက်လေးတွေနဲ့ကြည့်လာတာမလို့ချန်ကျောက်ကျိုးကခေါင်းညိမ့်ပြလိုက်သည်။
မျက်လုံးလေးတွေကကြယ်လိုတောက်ပလာကာချစ်စဖွယ်အပြုံးသေးသေးလေးတို့ကမျက်နှာလေးတွေထက်ပေါ်ပေါက်လာကာထိုင်နေရာမှရုတ်ချည်းထရပ်လာကာချန်ကျောက်ကျိုးရဲ့လည်တိုင်ထက်ရစ်ပတ်လာသောလက်နှစ်စုံနဲ့အတူချန်ကျောက်ကျိးမှာအင့်ခနဲပင်အသံထွက်သွားရကာအရှိန်မထိမ်းနိုင်ပဲဆိုဖာနောက်မှီးကိုအရှိန်နဲ့ဝင်ဆောင့်သွားတာမလို့ကျေားအောင့်သွားသော်လည်းမျက်နှာကအပြုံးတို့ကမပျက်တည်ရှိနေကာခါးသိမ်သိမ်လေးတွေကိုလက်နဲ့ပွေ့ဖက်လိုက်သည်။သူ့လက်နဲ့တစ်ပွေ့စာသာရှိသည့်ခါးသိမ်သိမ်လေးတွေရဲ့ပိုင်ရှင်လေးတွေကိုချန်ကျောက်ကျိုးကတင်းကျက်စွာပွေ့ဖက်ထားသလိုလင်ကျစ်နဲ့လင်ဟန်ရုံကလည်းချန်ကျောက်ကျိုးရဲ့လည်ပင်းနဲ့ပုခုံးတဖက်စီကိုအပိုင်စားယူထားကာတင်းကျက်စွာဖက်တွယ်ထားကြလေသည်။
မျက်နှာမှာအပြုံးကိုယ်စီနဲ့ကောင်ငယ်လေးတွေရဲ့စိတ်ထဲမှာတော့မည်သည့်အေတွးတို့မျှရှိမနေတော့ပေ
အခုချိန်မှာသူတို့သိတာကသူတို့အနှိုင်းမဲ့ပျော်ရွှင်နေသည်ဆိုတာပင်
ထိုသို့ပျော်ရွှင်မှုမျိုးကသူတို့ဘဝအတွက်ဆောင်ကြင်းပေးနိုင်သည့်သူမှာလူကြီးတစ်ယောက်ထဲသာရှိတာမလို့သူတို့စိတ်ထဲမှာတော့အခုကစပြီးလူကြီးကသူတို့အပိုင်ပင်အရင်ဘဝကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ဒီဘဝမှာတော့တူညီတဲ့အရာကိုဘယ်တော့မှမလုပ်တော့ဘူး
လူကြီးကိုအရှုံးဆုံးမခံနိုင်တော့ဘူး!လူကြီးကသာသူတို့ရဲ့တစ်ဦးတည်းသောချစ်ရသူ
သူတို့ရဲ့သက်ဆိုင်သူ
သူတို့အားကိုးရတယ့်ချစ်ရသူ...ဒါကြောင့်လူကြီးကိုအရှုံးဆုံးမခံတော့ပါဘယ်လိုအခပ်အခဲတွေပဲပေါ်လာပါစေလူကြီးနှခမ်းကနေထွက်သွားဆိုတဲ့စကားတစ်ခွန်းမထွက်လာမချင်းလူကြီးကိုတွယ်ကပ်နေမှာပဲ
