arc-6:3ရှလန်စစ်

1.8K 78 0
                                        

အရင်ကတော့ထိုလှေကားတွေကိုသုံးကာသာအဆင်းအတက်ပြုလုပ်သည်။
*ရှစ်စွင်းနေတဲ့အဆောင်မှာအိပ်ခန်းနှစ်ခန်းရှိတယ်....မင်း...အာ...*

*တပည့်နာမည်ကရှလန်စစ်ပါရှစ်စွင်း...*

*အိုး...ဒါဆိုလန်စစ်လို့ခေါ်မယ်...လန်စစ်ကရှစ်စွင်းအိပ်ခန်းဘေးကအိပ်ခန်းမှာနေလို့က်...*

*ဟုတ်ကဲ့ပါရှစ်စွင်း..*

*တောင်သခင်ချန်!..အထဲမှာရှိလားကျွန်တော်အဝတ်အစားတွေလာပို့ပေးတာပါ*

*တပည့်သွားလိုက်မယ်ရှစ်စွင်း..*

သွားရန်ပြင်နေတဲ့ရှစ်စွင်းကိုတားဆီးလိုက်ကာလန်စစ်အဆောင်ပြင်ထွက်လာခဲ့လိုက်သည်။
မိုးကြိုးတိမ်တိုက်ဂိုဏ်းရဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့တပည့်တစ်ယောက်ကကျိုးနွံ့စွာစောင့်ဆိုင်းနေကာသူ့ကိုတွေ့တော့အဆင့်နိမ့်သိုလှောင်လက်စွပ်တစ်ကွင်း‌ပေးလာသည်။

*ဒါကဂိုဏ်းတူအကိုအတွက်အဝတ်အစားတွေပါ*

ထင်ရှားစွာထိုတပည့်ကသူ့ထက်အသက်ပိုကြီးသော်လည်းတောင်သခင်တစ်ယောက်ရဲ့တပည့်ကိုအပြင်စည်းတပည့်တစ်ယောက်ကစီနီယာအကိုအမအဖြစ်ဆက်ဆံခံရမှာပင်....

လန်စစ်ခေါင်းညိမ့်ပြကာကျေးဇူးတင်စကားပြောလိုက်ပြီးသိုလှောင်လက်စွမ်ကိုယူကာအဆောင်ခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။
သူ့ရဲ့ရှစ်စွင်းအလှလေးကမီးဖိုချောင်ထဲရောက်နေကာမချက်တတ်ချက်တတ်နဲ့ချက်ရန်ပြင်ဆင်နေတာတွေ့တော့အမြန်တားဆီးလိုက်ရသည်။

*ကျွန်တော်လုပ်လိုက်မယ်ရှစ်စွင်း...*

*ချက်တတ်လို့လား..ရှစ်စွင်းပဲလုပ်လိုက်မယ်*

*ကျွန်တော်ကချက်တတ်ပါတယ်ရှစ်စွင်းရဲ့ ..*

*ကောင်းပါပြီး...ဒါဆိုမင်းတစ်ယောက်စာပဲကိုယ့်ဘာသာကြိုက်တာချက်...ရှစ်စွင်းကစားစရာမလိုဘူး*

*ဟုတ်ကဲ့ရှစ်စွင်း...*

ကျွမ်းကျင်ပိုင်နိုင်စွာချက်ပြုတ်နေတဲ့သူ့တပည့်လေးကိုကြည့်ကာလန်လင်မှာအချက်အပြုတ်လေးတောင်မရသည့်ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်သည်။
အဲ့ဒါကလည်းသူ့ကိုသူအပြစ်တင်လို့မရပေသူကငယ်စဉ်ထဲကဆရာချက်ပေးတာကိုသာစားခဲ့ပြီးအမြူတေးအဆင့်ကို၅နှစ်ထဲနဲ့ရောက်ခဲ့တာဖြစ်လို့ထိုအချိန်ကစပြီးစားစရာမလိုတော့တဲ့အတွက်မစားတော့ပေ...

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now