<Unicode>
*အော်...မိန်းမရယ်ဘာများလည်းလို့သားကမိန်လွီကိုသဘောကျတာမှမဟုတ်တာအတင်းအကြပ်မတိုက်တွန်းပါနဲ့ကွာ...သားလေးကငယ်ငယ်ထဲကအိမ်ကထွက်သွားတာဒီတစ်ခါထပ်ထွက်သွားရင်သူပြန်လာပါ့တော့မလားမသေချာတော့ဘူး*
*ဒါပေမယ့်ကျွန်မကအာမိန်လေးရဲ့မိဘတွေနဲ့လူကြီးချင်းဆွေးနွေးပြီးသားဖြစ်နေတယ်လေ...အခုမှပြန်ဖျက်သိမ်းရင်မျက်နှာပျက်စရာတွေဖြစ်ကုန်ပါ့မယ်*
*ဟင်း....အစကတည်းကသားလေးကလက်ခံတာမှမဟုတ်တာမိန်းမရယ်....ကိုယ်ပြောပါတယ်မိန်းမဘာသာဇွတ်မလုပ်ပါနဲ့လို့*
*ဟင်း ..ရှင်ကလည်းရှင်ကျွန်မကိုချည်းအပြစ်ပြောနေတယ်တော်ပြီးရှင်နဲ့ဘာမှမတိုင်ပင်တော့ဘူးကိုယ်ဘာသာဖြေရှင်းတော့မယ်*
ချန်မားကစိတ်ဆိုးကာအခန်းထဲကပြန်ထွက်သွားတာမလို့ချန်ပါးကခေါင်းခါလိုက်ကာရေချိုးရန်အတွက်ရေချိုးခန်းထဲဝင်သွားလိုက်တော့သည်။
ချန်မားကအေပါ်ထပ်ကေနပြန်ဆင်းလာတာမလို့
လင်ကျစ်နဲ့လင်ဟန်ရုံရဲ့ခါးလေးတွေကတောင့်တင်းသွားကာထိုအရာကိုခံစားမိတဲ့ချန်ကျောက်ကျိုးကလက်သေးသေးလေးတွေကိုဆုပ်ကိုင်ကာနှစ်သိမ့်လိုက်ပြီးချန်မားကိုကြည့်လိုက်သည်။
*မား...စဉ်းစားပြီးပြီလား?*
*ဟင်း...သားချန်အာတကယ်ပဲမင်းဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား?*
*ဟင်အင်းမား...သားရဲ့ဒီဆုံးဖြတ်ချက်ကသားဘဝမှာအခိုင်မာဆုံးဆုံးဖြတ်ချက်ပဲ*
*ကောင်းပြီမင်းဘက်ကဒီလောက်ပြတ်သားနေမှတော့မားလက်ခံပေးရမှာပေါ့*
*မား!...*
*သမီးအာမိန်း....မားတောင်းပန်ပါတယ်ကွယ်သားငယ်လေးကသမီးကိုမေတ္တာမရှိတာသမီးလည်းသိမှာပေါ့...မားတကယ့်ကိုတောင်းပန်ပါတယ်မားသာသားစကားကိုနားထောင်ခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး*
*ဟင့်...ရွှတ်.....မားကကတိလည်းမတည်ဘူး...သမီးကချန်အာကောကောနဲ့စေ့စပ်ရပြီထင်ပြီးပျော်နေတာ...မားကအရမ်းရက်စက်တယ်သမီးခံစားချက်ကိုကျထည့်မတွက်ပေးဘူး!*
