arc-7:3ချန်ကျောက်ကျိုး

288 15 0
                                    

<Unicode>

*လူကြီးကကျွန်တော်တို့နှစ်ယောက်လုံးကိုပြန်ချစ်မှာလားဟင်*

*အဲ့ဒါကတော့မင်းလေးတို့ရဲ့ကိုယ့်အ‌ေပါ်ဆွဲ‌ဆောင်နိုင်စွမ်းအပေါ်မူတည်တယ်လေကိုယ်နှစ်ယောက်လုံးကိုပြန်ချစ်မလားဆိုတာတော့မသေချာသေးဘူး*

အဟွတ်..အဟွတ်..သူပြောတဲ့စကားကိုအတည်မမှတ်ကြလေနဲ့နော်...သူကသူ့အချစ်လေး‌တွေကိုချစ်ပြီးသားပဲ
ဒါပေမယ့်ချက်ချင်းကြီးဝန်ခံလိုက်ရင်ဘယ်ပျော်စရာကောင်းတော့မလဲ
ချစ်ဖို့ကောင်းတဲ့ခလေးလေးတွေရဲ့ချစ်စရာအမူအရာလေးတွေကိုများများပိုမြင်နိုင်ဖို့ကြိုးစားရုံလေးတင်ပါ

"ဒါဆို....ကျွန်တော်တို့ကလူကြီးကျွန်တော်တို့နှစ်ယောက်လုံးကိုပြန်ချစ်အောင်ကြိုးစားရမှာပေါ့...."

*အွန်း...ဟုတ်တာပေါ့ကိုယ်ပြန်ချစ်အောင်ဆွဲဆောင်နိုင်ရင်ပြီးပြီ*

*အခုလောလောဆယ်ကိုယ့်လက်နဲ့ခြေထောက်ကသံကြိုးတွေကိုဖယ်ရှားပေးလို့မရဘူးလားကိုယ်လက်တော်တော်နာနေပြီ*

*ဟင်...တော်တော်နာနေတာလား!*

"လူကြီးအရမ်းနာနေပြီလား!..."

သူ့စကားကြောင့်စိုးရိန်တကြီးသူ့လက်ကောက်ဝတ်ကိုယူကြည့်လာကာလက်ကောက်ဝတိကအနီရောင်အစင်းရာတွေတွေ့တော့စိတ်မကောင်းဖြစ်သွားကာမျက်ဝန်းလေးတွေထက်မျက်ရည်ကြည်တို့ဥလာတာမလို့ချန်ကျောက်ကျိုးမှာစိတ်မကောင်းဖြစ်သွားတဲ့ခလေးနှစ်ယောက်ကိုချော့ရတော့သည်။

မျက်ဝန်းလေးတွေထက်မျက်ရည်စက်တွေကိုဖယ်ရှားပေးလိုက်ပြီးခေါင်းလုံးလုံးလေးတွေကိုခပ်ဖွဖွပုတ်ကာ....

*ကိုယ်ဘာမှမဖြစ်ပါဘူးနည်းနည်းနာသွားရုံတင်လေးပါ*

"လူကြီးလက်ကသံကြိုးတွေရောခြေထောက်ကဟာတွေရောဖယ်ပေးမယ်နော်"

*ဟုတ်တယ်...ခဏလေးစောင့်နော်ကျွန်တော်တို့သော့သွားယူလိုက်အုံးမယ်*

ပြောရင်းအပြေးအလွှားသော့သွားယူကြကာလက်ကသံကြိုးတွေကိုဖြုတ်ပေးလာသည်။
*ရပြီ...ခြေထောက်ကဟာတွေကိုယ်ဖယ်လိုက်မယ်*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now