<Unicode>
သူမကသူတို့ကိုကျေးဇူးတင်ကာသူမဒဏ်ရာေတွကိုသူမဘာသာဆေးထည့်နေသည်။
ကယ်ဗင်ကအီသန်အနားထိုင်ကာလက်တွေကခါးသိမ်သိမ်လေးကိုဆွဲဖက်ကာပခုံပေါ်မေးတင်ကာအီသန်လက်ချောင်းတွေကိုဆော့ကစားနေသည်။*လူကြီး....ဘယ်လိုဖြစ်နေတာလဲရှေ့မှာလူရှိနေတယ်လေဗျာ.....*
တိုးကြိတ်ကြိတ်လေးသတိပေးလာတဲ့အီသန်ကြောင့်ကယ်ဗင်ကအလိုမကျစွာနှခမ်းစူလိုက်ပြီး....
*ရှိရှိပေါ့....သည်းညှာကလည်းကိုယ်ကသည်းညှာနဲ့တစ်လလောက်ခွဲရအုံးမှာအခုကတည်းကကြိုလွမ်းနေရတာကိုရတဲ့အချိန်လေးအနားမှာနေချင်တာပေါ့လို့....*ကယ်ဗင်ရဲ့မူယာပိုကာပြောလာတဲ့စကားသံတွေကပုံမှန်လေသံနဲ့ပြောနေတာမလို့သူတို့နဲ့အနီးမှာရှိတဲ့မိန်းခလေးကြားမှာသေချာနေတာမလို့အီသန်ကရှက်သွားေသာ်လည်းထိုတစ်လလောက်ခွဲရအုံးမှာဆိုတဲ့စကားကြောင့်ရှက်နေတာကိုအဝေးသို့လွှင့်ပစ်ကာမေးလိုက်သည်။
*လူကြီးကဘယ်ကိုသွားမှာမလို့လဲ....စစ်တိုက်ထွက်ရအုံးမှာလား...*
*အွန်း....ပုန်ကန်မှုသေးသေးလေးပါပဲသည်းညှာစိတ်ပူစရာမလိုဘူးနော်.....*
*မရပါဘူး...ကျွန်တော်လူကြီးကိုစိတ်ပူတယ်ကျွန်တော်လည်းလိုက်မယ်.....ထားသွားဖို့မကြံနဲ့နော်ခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့မယ်....*
*အခုလည်းတွေ့နေတာပဲကိုသည်းညှာကလည်း~*
*ဘာပြောတယ်!!*
မကြားအောင်ပြောသော်လည်းကြားဖြစ်အောင်ကြားသွားတဲ့သည်းညှာကြောင့်ဟီးခနဲရယ်ပြကာသွားဖြီးပြလိုက်ပြီး.....
*ဟီး....ဘာမှဟုတ်ဖူး...ခေါ်သွားမယ်...ကိုယ်လည်းသည်းညှာကိုလွမ်းနေရမှာအဲ့တော့သည်းညှာပါတော့ပိုကောင်းတာပေါ့နော်...ကိုယ်သည်းညှာကိုသေချာပေါက်ခေါ်သွားမှာ....*
"ခွီး.....ကောင်းကင်ဘုံကဖိတ်ဖိတ်တှုန်အောင်ကြောက်နေရတဲ့အမွှေစိန်က လက ကြီးပဲ..."
တခွီးခွီးနဲ့ရယ်ကာပေါ်လာတဲ့အစိမ်းလုံးကြောင့်ကယ်ဗင်ကအစိမ်းလုံးကိုမျက်စောင်းထိုးကာ....
*ဟမ့်...ငါ့ပါငါဘာဖြစ်ဖြစ်မင်းအပူလား!...ယကကြီးဆိုတာဘာကိုပြောတာလဲ*
