<Unicode>
*အကိုဒီမှာဆန်ပြုတ်နဲ့ဆေးယူလာတယ်*
*အင်း...ကိုယ်မျက်နှာသွားသစ်လိုက်အုံးမယ်သည်းညှာ*
*အာ....ဟုတ်သားခရာမေ့သွားတယ်အကိုခေါင်းမူးတာသက်သာရဲ့လားခရာရေသွားခပ်ပေးမယ်လေ*
*ရပါတယ်သည်းညှာရယ်ကိုယ်သက်သာနေပါပြီးကိုယ်ပဲသွားယူလိုက်မယ်နော်သည်းညှာကိုယ့်ကိုဒီကပဲစောင့်နေပေး...*
*ခရာပါလိုက်ခဲ့မယ်လေအကိုရုတ်တရက်ကြီးခေါင်းမူးရင်ဘယ်လိုလုပ်မလဲ?*
*ဟုတ်ပါပြီးဒါဆိုလဲလိုက်လာခဲ့...*
ဆန်းသစ်ခရာအကို့ကိုခေါင်းတဆက်ဆက်ညိမ့်ပြလိုက်ကာဆန်ပြုတ်ပန်ကန်ကိုကုတင်ပေါ်ဗီရိုအသေးစားလေးေပါ်တင်လိုက်ကာဆေးကိုပါတခါတည်တင်လိုက်ပြီးအကို့နောက်ကနေလိုက်ခဲ့လိုက်သည်။
မဏ္ဏိမျက်နှာသစ်သွားတိုက်ပြီးတော့ခရာကအဆင်သင့်ယူလာတဲ့မျက်နှာသုပ်ပဝါကိုအကို့ကိုကမ်းပေးလိုက်ပင်မယ့်အကိုကမယူပါပဲခေါင်းတစ်လုံးစာလောက်နိမ့်သည့်ခရာမှီအောင်ခေါင်းငုံ့ပေးလိုက်ပြီးမျက်လုံးအသာမှိတ်ပေးလာတာမလို့မျက်နှာသုတ်ပဝါနဲ့အကိုမျက်နှာကိုဂရုတစိုက်သုတ်ပေးလိုက်ကာမျက်နှာမှာရေတွေခြောက်သွားကာမှအကိုနဲ့အတူအိမ်အပေါ်ထပ်ပြန်တက်လာခဲ့လိုက်သည်။
*ခရာရေ....ခရာ....*
အကို့ကိုဆန်ပြုတ်တိုက်နေတုန်းအိမ်အောက်ထပ်ကနေအမရှင်းသန့်ရဲ့အသံကိုကြားတာမလို့ခရာပြန်ထူးလိုက်သည်။
*အမရှင်းသန် ခရာအပေါ်ထပ်မှာ*
*အော်...အေးအေး...အမတက်လာခဲ့မယ်*
ရှင်းသန့်နေခြည်ကဆန်ပြုတ်ထည့်ထားတဲ့ချိုင့်ကိုဆွဲးကာအပေါ်ထပ်ကိုယဉ်းကျေးသိမ်မွေ့စွာတက်လာသည်။
*ဟယ်...ကိုကြီးနိုးနေပြီးလာအတော်ပဲရှင်းသန့်ကိုကြီးအတွက်ကြက်သားဆန်ပြုတ်လေးပြုတ်လာပေးတယ်*
*အကိုကအခုပဲဆန်ပြုတ်သောက်ပြီးသွားပြီး*
မဏ္ဏိသက္ကစကားကြောင့်ရှင်းသန့်ကခရာလက်ထဲကအများကြီးကျန်နေသေးတဲ့ဆန်ပြုတ်ပန်ကန်ကိုကြည့်ကာ...
