arc-6:1ရှလန်စစ်

2.2K 90 1
                                        

<Unicode>

အနည်းငယ်စိုစွတ်နေတဲ့နေရာမှာအိပ်ပျော်နေတာမလို့ရှောင်းကျန့်နိုးလာရသည်။
ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့ပြောစရာစကားပင်မဲ့သွားရသည်။
ကောက်ရိုးတွေအပြည့်ထည့်ထားတဲ့စုတ်ပြတ်နေတဲ့အိမ်လို့တောင်မခေါ်နိုင်တဲ့အိမ်လေးထဲရောက်နေပြီးသူ့ခန္တာကိုယ်ကအဝတ်အစားတွေကိုကြည့်ရုံနဲ့ရှေ့ခေတ်ကိုရောက်နေမှန်းသိလိုက်သည်။

ပိုဆိုးတာကသူရောက်နေတဲ့ခန္တာကိုယ်ကခလေးပဲရှိသေးတာပင်Hackerပညာသင်တယ်ဆိုတာငမွဲးခန္တာကိုယ်ထဲရောက်ရင်အသုံးဝင်အောင်လေ
တကယ်လည်းငမွဲးခန္တာကိုယ်ထဲရောက်လာပေမယ့်တရုတ်ရှေ့ခေတ်တဲ့လား?...

သူကသူတက်ထားတဲ့ပညာတွေကိုဘယ်နေရာမှာများအသုံးချရမှာပါလိမ့်

"ဒီကမ္ဘာရဲ့ဇာတ်ကြောင်းတွေကိုကူးပြောင်းပေးလိုက်ပါပြီး..."

"shitအသိတောင်မပေးဘူးဗြုန်းစားကြီးပို့လိုက်ရလားဟ"

မသိချင်ယောင်ဆောင်ကာလေခွန်နေတဲ့သကောင်သားကြောင့်ခေါင်းမူးသက်သာအောင်စောင့်ပြီး
ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်သည်။
ဒီကမ္ဘာကကြင့်ကြံခြင်းကမ္ဘာဖြစ်ကာဇာတ်လိုက်ချန်ဇီယွမ်ရဲ့မောင်းမဆောင်တည်ထောင်သည့်ဇာတ်ကြောင်းသာဖြစ်သည်။

ဒီကမ္ဘာရဲ့ဇာတ်လိုက်ချန်ဇီယွမ်ကဆီနှင်းဝင်္ကပါဂိုဏ်းရဲ့သာမာန်အပြင်စည်းတပည့်လေးသာဖြစ်သည်။

ဒါပေမယ့်တစ်နေ့မှာရှေ့ဟောင့်စစ်နတ်ဘုရားမျိုးနွယ်ရဲ့အမွေကိုဆက်ခံရရှိခဲ့ပြီးသာမာန်အပြင်စည်းတပည့်လေးတစ်ယောက်ကနေလူတိုင်းအထင်ကြီးအားကျရသည့်စီနီယာအကိုကြီးဖြစ်လာခဲ့သည်။

ဇာတ်လိုက်ရဲ့အချစ်ဉီးကဆီနှင်းဝင်္ကပါဂိုဏ်းရဲ့ထိတ်တန်းအလှနတ်မိမယ်ဖြစ်တဲ့စုရှင်းရှင်းဖြစ်ကာသူမကလည်းဇာတ်လိုက်ရဲ့မောင်းမဆောင်ထဲကကိုယ်လုပ်တော်တစ်ယောက်ဖြစ်ကာမောင်းမဆောင်ကိုကွက်ကဲသည့်သူပင်ဖြစ်သည်။

ဇာတ်လိုက်ကစုရှင်းရှင်းနဲ့အတူကြင့်ကြံခြင်း‌လောကတခွင်လှည့်ပတ်သွားကာသူ့ရဲ့‌ေမာင်းမ‌ေဆာင်ကြီးအတွက်ကိုယ်လုပ်တော်တွေစုဆောင်းကာသူ့ကိုအထင်သေးတဲ့သူတွေကိုရိုက်ချပစ်ကာထိုသူတွေရဲ့
ချစ်သူရည်းစား၊အမ၊တွေညီမတွေကစသူ့ကိုအယုံသွင်းကာသိမ်းသွင်းပြီးကလဲ့စားချေသည့်ဇာတ်လမ်းကနေလှပတဲ့အချစ်ဇာတ်လမ်းတစ်ခုပြီးတစ်ခုပေါက်ဖွားလာကာဇာတ်လိုက်ရဲ့မောင်းမဆောင်ထဲသိမ်းသွင်းခံလိုက်ကြရသည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now