arc-7:9ချန်ကျောက်ကျိုး

1K 51 0
                                    

<Unicode>

ချန်ကျောက်ကျိုးရဲ့စကားကြောင့်အားလုံးကအံ့ဩကာမှင်သပ်သွားကြသည်။
ချန်လုပ်ငန်းစုကပြည်တွင်းမှာအချမ်းသာဆုံးစာရင်းရဲ့top10ထဲဝင်ရောက်ထားနိုင်သောမိသားစုတစ်စုဖြစ်ကာသူတို့ရဲ့ချမ်းသာမှုကမပြောပြနိုင်အောင်များပြားသည်။

သူတို့တွေကချန်ကျောက်ကျိုးရဲ့မိသားစုနောက်ခံကိုဆင်းရဲတဲ့ကျေးရွာကမိဘတွေသာရှိသည်ဟုထင်ခဲ့တာအခုတော့မထင်မှတ်ထားစွာချန်ကျောက်ကျိုးကသူတို့ထက်အဆ‌‌ေပါင်းများစွာချမ်းသာတဲ့မိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်နေသည်။

သူတို့ရဲ့ခံစားချက်တွေကိုနားလည်စွာချန်ကျောက်ကျိုးကသေချာရှင်းပြလိုက်ကာခဏမျှစကားပြောပြီးနောက်အလုပ်ထွက်လိုက်ကာချန်မိသားစုထံပြန်လာခဲ့လိုက်သည်။

ချန်အိမ်တော်ကိုရောက်တော့ကြီးကျယ်ခမ်းနားလွန်းတဲ့အိမ်တော်ကြီးကိုကြည့်ကာလင်ကျစ်နဲ့လင်ဟန်ရုံအံ့ဩသင့်သွားရသည်။
ချန်‌အိမ်တော်ကမသိရင်ခေတ်သစ်နန်းတော်ကြီးအတိုင်းပင်အလွန်ကြီးမာကာကျယ်ဝန်းသည်။

အလှဖော်ထားတဲ့ပန်းပင်ချုံကြားတွေကြားအလုပ်ကိုယ်စီလုပ်နေကြသောအလုပ်သမားလေး‌ေတွရှိ‌နေကာအိမ်တော်ရဲ့အနောက်ဘက်မှာတော့အဆင့်မြင့်တိုက်ခန်းတန်းလျားရှိနေကာထိုတန်းလျားကအလုပ်သမားတန်လျားဖြစ်ကာအလုပ်သမားတွေကမနက်၅နာရီကနေညနေ၆နာရီအထိသာအိမ်တော်အနီးတဝှိက်နေခွင့်ရှိကာကျန်တဲ့အချိန်တွေမှာတော့မခေါ်ပဲနဲ့လာခွင့်မရှိပေ

ဒရိုင်ဘာကကားကိုအိမ်ရှေ့ထိမောင်းပေးကာချန်ကျောက်ကျိုးတို့ဆင်းသွားသည်နှင့်ကားဂိုထောင်မှားကားကိုသွားပြန်ထားကာကားသော့ကိုတခါတည်းသခင်လေးကိုပေးလိုက်သည်။

ချန်ကျောက်ကျိုးကတော့ကားသော့ကိုဒီတိုင်းသာယူလိုက်ကာသူ့ခလေးနှစ်ယောက်ကိုခေါ်ကာအိမ်ထဲဝင်လာခဲ့လိုက်သည်။

*ချန်အာကောကော...ပြန်လာပြီးလား...မားရေချန်အာကောကောပြန်လာပြီ!*

*ကျစ်...မိန်းခလေးဖြစ်ပြီးအော်ကြီးဟစ်ကျယ်နဲ့...*

*သားကလည်းကွယ်ပြန်ရောက်တာနဲ့အာမိန်လေးကိုဆူတော့တာပဲ....ဒါနဲ့သားနောက်ကခလေးတွေကဧည့်သည်တွေလားသား*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now