<Unicode>
*မေးလေ...*
*နင်က...ဥက္ကဌကျင်းချွမ်လုရဲ့ဇနီးလား...*
*......*??
*ခ်ခ်...ငါကဖုံးကွယ်ထားချင်တဲ့ဟာကိုအစေားကြီးသိသွားမယ်မှန်းမထင်ထားမိဘူး....*
ချန်ဝူမှာသူမတို့ရဲ့စကားတွေကြောင့်ကြောင်အသွားရသည်။
ပြီးမှသဘောပေါက်သွားကာဟွမ်စုရန်းကိုရွံ့ရှာစွာကြည့်လိုက်သည်။
လူကြီးလိုလူကြီးလူကောင်းတစ်ယောက်ကိုများအိမ်မက်မက်နေဝံ့တယ်
ဟမ့်.....ကြားထဲကသူ့နေရာပါဖြတ်ခုတ်သွားသေးတယ်ဒါပေမယ့်ဖော်ထုပ်ဖို့အတွက်သူစိတ်မဝင်စားအမြင့်ကိုရောက်ပြီးမှရိုက်ချရတဲ့အရသာကအရမ်းကိုကောင်းမွန်မှာကိုသူသိလို့ပင်
*အယ်...စုရန်းကbossရဲ့ဇနီးပေါ့လေ..ကျွန်တော်ကသူဌေးကတော်မှန်းမသိလို့ပါ...သူဌေးကတော်စိတ်ကြိုက်လုပ်နိုင်တယ်နော်....ရာထူးတိုးချင်သေးလား....ကျွန်တော့်ကိုပြောကျွန်တော်ကဒီဌာနရဲ့ဌာနမှုးလည်းဝမ်ပါ...*
ဌာနမှုးဝမ်ကချက်ချင်းရောက်လာကာသူတို့ပြောနေတာကိုကြားပြီးချက်ချင်းကိုအူယားဖားယားနဲ့စကားချိုသပ်ကာမျက်နှာသာရအောင်ပြောတော့သည်။
.........
ရက်တွေကလျှင်မြန်စွာပင်ကုန်ဆုံးသွားသည်။
လူကြီးနဲ့ချန်ဝူရဲ့ဆက်ဆံရေးကလည်းအလွန်ပင်အဆင်ပြေကာသာသာယာယာပင်ရှိကာချန်ဝူကမနက်အစောကြီးထလူကြီးပေးပြီးတာနဲ့မနက်စာတစ်ခါတည်းပြင်ပေးကာရုံးကိုလာလေ့ရှိသည်။လူကြီးကလမ်းလျှောက်ဖို့အဆင်မပြေတာမလို့အိမ်ကနေသာလုပ်ငန်းအားလုံးကိုဦးစီးနေပြီး
ချန်ဝူကလည်းအလုပ်မှာသိပ်အဆင်မပြေလှပေ
သူနဲ့ချန်ဇီနန်ကဌာနမှာအလုပ်အလုပ်ရဆုံးလူတွေဖြစ်ကာလုပ်ရမယ့်စာချုပ်စာတမ်းတွေprojectတွေအားလုံးကိုအတွေ့အကြုံရအောင်ဆိုတဲ့စကားအောက်မှာတစ်ခုပြီးတစ်ခုထိုးထည့်ခံရကာမပြီးမချင်းအသည်းအသန်လုပ်ကာပြီးပြန်တော့လည်းအဆင်ပြေလို့ချီကျူးခံရမလားအောင့်မေ့တယ်သူတို့လုပ်ထားသမျှကိုနာမည်ကောင်းဝင်ယူမယ့်လူတွေချည်းပင်
ယခုလည်းcompanyအရေးကြီးတဲ့project
ကိုသူတို့ဌာနတစ်ခုလုံးကိုလွှဲးပြောင်းပေးထားသော်လည်းတကယ့်တကယ်အလုပ်လုပ်နေရသည်မှာချန်ဝူနဲ့ချန်ဇီနန်နှစ်ယောက်ထဲသာရှိသည်။